မျက်ရည်တွေကျပြီး
အသက်ကို လမ်းခင်းပေးထားခဲ့တယ်
သွေးနဲ့ချွေးဟာ
တောင်လမ်းပေါ်မှာ စက်လက်ကျ
ကြောက်လန့်ခြင်းများရှိနေမလား
မင်းတို့ငါတို့ လုံးဝမသိစေရ
သင့်ကိုကျွန်ုပ်မသိဘူး
အထောင်ထောင်အသောင်းသောင်း
ငါတို့ ခဏခဏရောင်းခဲ့ကြဖူးတယ်
တရွေ့ရွေ့
ချိနဲ့နေတဲ့ အားတွေနဲ့
ကုန်းရုန်းလျှောက်နေတဲ့
မင်းတို့ ......... ငါတို့ရဲ့
ဘုရားတစ်ပိုင်း
လူတစ်ပိုင်းသက်ရှိကြီး
ဒေါသတကြီးနဲ့
အော်ဟစ်နေတဲ့
သူ့ရဲ့လူဆိုးကြီးတွေကို
နောက်ဆုံးသောကာလအထိ
လွန်မသွားခဲ့ဘူး ။
ခန့်သစ်ရင်