ချစ်သူကို
အပြစ်မယူ
မုန်းသူကိုလည်း
ချစ်နေတဲ့သူ
လောကလူသား
မခွဲခြားပဲ
ချစ်သူ၊မုန်းသူ
ချစ်နေတဲ့သူ ။
မျှော်လင့်ချက်မဲ့
မဖြစ်ဖို့တွက်
တမလွန်ရေး
စိတ်အေးရအောင် ။
လောကလူသား
အပြစ်သားတွေ
အပြစ်များစေ
မုန်းချင်ပေမဲ့
လက်ဝါးကပ်တိုင်
သစ်တိုင်ထက်မှာ
အသက်ကိုစွန့်
ခွင့်လွှတ်ချစ်တာ
ယေရှုခရစ်တော်ပါ ။
လူသား (ဆားမှော်)