ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ
ငါးမျှားမယ်ဆိုရင် ငါးမျှားချိတ်၊
ငါးမျှားတံ၊ ငါးစာနဲ့ မျှားရမဲ့နေရာ (ကန်၊ ချောင်း၊ မြစ်)ရှိရမယ်။
ငါးမျှားချိတ်ကောင်းခြင်း မကောင်းခြင်းထက် ကျွမ်းကျင်စွာ ကိုင်တွယ်တတ်မှုက
ပိုအရေးကြီးတယ်။ ခေတ်မှီငါးမျှားတံကိုင်ပေမဲ့ မကိုင်တွယ် တတ်ရင်လည်း ဘာမှမထူးဘူး။
ငါးမျှားချိတ်၊ ငါးမျှားတံ ဘယ်လောက်ကောင်းကောင်း ငါးမျှားချိတ်မှာ
ငါးစာမရှိရင်လည်း ဘယ်ငါးမှ လာစားမှာ မဟုတ်ပြန်ဘူး။ ငါးမျှားချိတ်၊ ငါးမျှားတံ၊
ငါးစာတပ်ထားပေမဲ့ ငါးမရှိတဲ့နေရာမှာ သွားမျှားနေမိရင်လည်း အလကားပဲ
အချိန်ဖြန်းနေတာပဲ ဖြစ်မယ်။ (ကိုယ့် အိမ်က ရေချိုးကန်ထဲ ငါးမျှားနေတာမျိုးပေါ့)
စိတ်ပိုင်းဆိုင်ရာ
လိုအပ်ချက်များ
၁။
စိတ်ရှည်သည်းခံနိုင်ရမယ်။ အချိန်ဘယ်လောက်ကြာကြာ စောင့်ဆိုင်းနိုင်သလဲဆိုတာ
အရေးကြီးတယ်။
၂။
စိတ်တည်ငြိမ်မှုရှိရမယ်။ စိတ်မများရဘူး။ တနေရာမှာ ကြာကြာနေဘဲ ဟိုဘက်သွားလိုက်
ဒီဘက် သွားလိုက် မလုပ်ရဘူး။ အနည်းဆုံး တနေရာမှာ ဆယ်မိနစ်လောက်တော့ နေသင့်တယ်။
၃။
ငါးရခြင်း မရခြင်းထက် ငါးမျှားခြင်းကို ကျေနပ် နှစ်သက်သူ ဖြစ်ဖို့လည်း လိုအပ်တယ်။
ငါးရခဲ့ရင်လည်း ကြီးတာ သေးတာထက် ငါးရခြင်းကိုကျေနပ် အားရသူ ဖြစ်ရမယ်။
အရေးကြီးဆုံးလိုက်နာရမဲ့ ကိုယ်ကျင့်တရား
စံချိန်ကတော့ သူများမွေးမြူထားတဲ့ ငါးမွေးကန်ထဲ ငါးခိုးမမျှားဖို့ပါပဲ။
“ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊
ပေတရုဟူ၍ခေါ်ဝေါ်သောရှိမုန်နှင့်အနြေ္ဒ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊
အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို
မြင်တော်မူလျှင်၊ ထိုသူတို့အား ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည်
လူကိုမျှားသောတံငါဖြစ်စေခြင်းငှာ၊ ငါပြုမည်ဟု
အမိန့်တော်ရှိလေသော်၊ ထိုသူတို့သည်ချက်ချင်းပိုက်ကွန်ကို စွန့်ပစ်၍
နောက်တော်သို့ လိုက်ကြလေ၏” (ရှင်မဿဲ ၄း၁၈-၂၀)