ဒုတိယလှိုင်း ပုစ္ဆာ
လှိုင်းလုံးအရှိန်က
သက်ရှိလူဦးရေပမာဏကို ပမာဏများပြားစွာ ဖြုတ်ချလိုက်ပြီဖြစ်ပါတယ်။
၁။
စီးပွားပျက်ကပ်
၂။
ကူးစက်ရောဂါဘေး
၃။
ဆိုက်ဘာလုံခြုံရေး
၄။
ရာသီဥတုပြောင်းလဲခြင်း
ဖော်ပြပါ
ဒုက္ခကြီး (၄)မျိုးထဲမှာ ကူးစက်ရောဂါဘေးဒုက္ခကတော့ လက်ရှိကျနော်တို့ ကြုံတွေ့နေရ
တဲ့ အထူးပြဿနာတရပ်ပါ။ လှိုင်းပုတ်ဒဏ်ကို
မခံနိုင်တဲ့တိုင်းပြည်တွေကတော့ အထိအင်မတန် နာလွန်းလှပါတယ်။ စီးပွားပျက်ကပ်ကလည်း
အရိပ်လိုအနောက်ကနေ ထပ်ကြပ်မကွာ လိုက်နေပါ သေးတယ်။ တဆက်တည်းမှာ ၂၁ရာစုယုံကြည်သူတွေအနေနဲ့
လှိုင်းဒဏ်ကို ခံနိုင်ရည်ရှိအောင် ဘယ်လိုမွေးမြူကြရမလဲဆိုတဲ့ပုစ္ဆာကို
ဖြေရှင်းရပါတော့မယ်။
ဘုရားကျောင်း(၀ါ)မိခင်အသင်းတော်နဲ့ အဆက်ပျက်ခြင်းကို ယေဘုယျကျကျ တွေးမြင်ကြည့်ကြစို့။ ပထမလှိုင်းကာလမှာ အွန်လိုင်းပေါ်က စွယ်စုံဒေသနာတွေကို နာကြားခြင်းနဲ့ အရံသင့်ကောက်စားခံရခြင်း ဖြစ်ပွားသွားပါတယ်။ ဒုတိယလှိုင်းမှာတော့ သိုးပေးခြင်းအဆင့်ကို ကူးပြောင်ရောက်ရှိသွားပါပြီ။ ဒါဟာ အင်မတိအင်မတန် ဒုက္ခပေးမဲ့ကိစ္စရပ်ကြီး ဖြစ်လို့နေပါပြီ။ မိခင်အသင်းတော်နဲ့ အဆက်အသွယ် ပျက်လေလေ၊ တခြားစားကျက်မြေကို ကူးပြောင်းလေလေ။
ပုစ္ဆာကတော့ သင်းအုပ်ဆရာတွေ သိုးပေးသိုးယူ လုပ်နေကြတော့မှာလား။ ကာကွယ်ဆေး ထုတ်ကြတော့မှာလား။ လှိုင်းကတော့ ပုတ်နေဦးမှာပဲ။