သို့သော်လည်း

အပြောင်းအလဲများတဲ့ လူရဲ့မေတ္တာ

ခုတမျိုး တော်ကြာတမျိုးပေါ့

ကိုယ်ကောင်းမှ သူကောင်းမယ့် လူတွေချည်းပဲ

သင်မဆိုးရင် ကိုယ်မဆိုးပါဆိုတာမျိုး

ကိုယ့်ရဲ့ဂုဏ်သိက္ခာ အထိအခိုက်မခံတဲ့ သူတွေချည်းပဲ

ငါဆိုတဲ့ အတ္တသမားမျိုး

ကိုယ်အဆွေခင်ပွန်းအတွက် အသက်ကို

စွန့်လွှတ်ရဲပါတယ် ဆိုရင်တောင်မှ

သခင်စွန့်လွှတ်ခဲ့တဲ့မေတ္တာကို ဘယ်မှီနိုင်ပါ့မလဲ

လူတွေက ကောင်းတာလုပ်ရင်တောင်

ငါဆိုတဲ့ နာမည်ကျော်ကြားဖို့ချည်းပဲလေ၊

ကျွန်ုပ်တို့ မေ့နေတတ်ကြတယ်

မြေမှုန့်ထဲကလာတဲ့ မြေကြီးလူသားဆိုတာ

မစင်လောက်တောင် တန်ဖိုးမရှိတဲ့သူဆိုတာ

မွေးလာကတည်းက အပြစ်နဲ့မွေးလာတဲ့

အမိုက်ကောင် အပြစ်သားလေးဆိုတာ၊

သို့သော်လည်း ကျေးဇူးတရားကတော့ ဒီလိုရှိတယ်

အပြစ်ရှိစဉ်ပင် အသက်စွန့်ပေးခဲ့

အထိုက်တန်ပေမဲ့ အပြစ်ကြွေးအကုန်ဆပ်ပေးခဲ့

အဘယ့်ကြောင့်ဆိုသော် အချစ်မျိုး မဟုတ်ခဲ့ပါ

သခင်ရဲ့မေတ္တာက အဂ္ဂါပယ်ပါ

အခြေအနေ အဆင့်အတန်းအပေါ် မမူတည်တာ

ဘယ်တော့မှ မပြောင်းလဲသွားပါ

ရွေ့လျော့ခြင်းနဲ့ အစဉ်ကင်းတာ

သခင် အသက်စွန့်ကယ်ခဲ့တာ နာမည်ကောင်းရဖို့မဟုတ်ပါ

အချစ်တခုတည်းနဲ့ သူရွေးနှုတ်ခဲ့တာ

သို့သော်လည်း ချစ်လို့ပါ ။

 

ကျဲရ်