တခါတုန်းက ဇာတ်ကားတကား ကြည့်မိတယ်။ ဇာတ်ကားနာမည် အတိအကျတော့ မမှတ်မိတော့ပေမဲ့ The Rockမင်းသားပါတာတော့ ကောင်းကောင်းကြီး မှတ်မိတယ်။ မှတ်မိရအောင်လည်း WWE ပရိသတ်ကိုး။
ဇာတ်ကားထဲက
အကြောင်းအရာလေးက အင်မတန်လှတယ်။ ဇာတ်လိုက်The Rock လုပ်ကြံခံရတယ်။
သူ့အစ်ကိုရင်းလိုရင်းနှီးရတဲ့သူကတော့ လည်လှီးခံရပြီးရှော့ရသွားတယ်။ The Rock
ခေါင်းမှာလည်း ကျည်ဆံတချို့ ၀င်တိုးထားတာမနည်းဘူး။ ဇာတ်ကားသဘောတရားအတိုင်း ဘယ်လို
ဆေးရုံရောက်တယ်မသိ။ The Rockနေပြန်ကောင်းလာတယ်။ လက်စားချေမဲ့
အစီအစဉ်ရေးဆွဲတော့တာပဲ။
သူ့ကို
လုပ်ကြံတဲ့သူတွေကို သူသိတယ်လေ။ အလွှာပေါင်းစုံကလူတွေ ကြီးကောင်ကြီးမားလူတွေ
ဖြစ်နေတယ်။ စနစ်တကျနဲ့မှတ်တမ်းလုပ်ပြီး ပြန်လည်တုန့်ပြန်ရေးအစီအစဉ်တွေလုပ်ဖို့
လုပ်ငန်းစတော့တာပေါ့။
ဖိုင်တွဲတွေမနည်းဘူး။
ဘယ်သူကဘယ်နေရာမှာနေထိုင်တတ်၊ သွားလာတတ်တယ်။ ဘယ်နေရာမှာ ကျင်လည်ကျက်စားတတ်တယ်။
အသေးစိတ် လေ့လာအပြီးမှာတော့ … လုပ်ကြံသူတွေကို ပြန်ပြီး နှုတ်ပိတ်လိုက်နိုင်တယ်။
တယောက်ကလွဲလို့။ အဲဒီတယောက်ကThe Rockတို့ညီနောင်ကို လုပ်ကြံအပြီး
နောင်တရတရားရသွားတဲ့ ပုဂ္ဂိုလ်ဖြစ်နေတယ်။ လက်ရှိအလုပ်အကိုင်က
Pastorဆိုပါတော့။ The
Rockနှစ်ချီနေအောင်စောင့်ခဲ့ရ၊ နာလထပြီး အပြည့်အ၀ကျန်းမာအောင်
လုပ်နေတဲ့ကာလမှာ ပုဂ္ဂိုလ်ထူးကြီးက
နာမည်ကြီး တရားဟောဆရာဖြစ်နေပြီလေ။၀န်ခံထားချက်ကလည်း “ဒီလိုလုပ်ကြံသူ
တယောက်ဖြစ်ခဲ့ဖူးလို့ အမှုတော်ဆောင် Pastorလုပ်ပြီး အပြစ်တွေ ပြန်လည်ပေးဆပ်နေပါတယ်”ဆိုတဲ့
The Rockနဲ့ ပြန်တွေ့ချိန်မှာ ပြန်ပြောတဲ့စကားက ဘယ်လိုအဓိပ္ပါယ်မျိုး
သက်ရောက်နေမလဲ။
ခွင့်လွှတ်ပေးဖို့ခက်ခဲပေမဲ့
The Rockခွင့်လွှတ်မှု အပြည့်အ၀ပေးပါတယ်။ The Rockတို့ ဘော်ဒါတသိုက်ကို
လုပ်ကြံရေးအစီအစဉ်မှာ အသေမသတ်ဖို့တားမြစ်တာ အဲဒီတယောက်ပဲရှိတာကိုး။
တလောတုန်းက
စစ်တလင်းဖြစ်ခဲ့ဖူးတဲ့နေရာမှာ ပျိုရွယ်သူတယောက် အလွန်တရာ နာကျည်းတဲ့အသံ
အတော်ကျယ်လောင်ဖူးတယ်။ သူဘုန်းကြီးဝတ်တယ်။ “လက်စားချေချင်လို့
ဘုန်းကြီးဝတ်ခြင်းဖြစ်တယ်”လို့ ဘွင်းဘွင်းကြီးပြောပြတာတွေက
ဘယ်လိုခံစားနာကျည်းချက်များ ကြီးမားလွန်းနေလဲ မှန်းဆလို့ မရနိုင်ပါဘူး။
တစ်ခါတရံ
ဘ၀အပြောင်းအလဲတွေက ပြင်းထန်တတ်တယ်။
“ဘယ်သူတွေ ထောက်ခံတယ်၊ ဘယ်သူတွေ
ကန့်ကွက်တယ်ဆိုတာ သမိုင်းက စကားပြောသွားမှာပါ” Trauma အကြီးစားဝင်သွားပေမဲ့
ဆုတောင်းပေးပြီး ခွင့်လွှတ်မှုကို ပေးလိုက်ပါတယ်။ လွတ်မြောက်တယ်ဆိုတာ ချိုမြိန်ပါတယ်။
ခွင့်လွှတ်ပေးရမယ်။
ကမ္ဘာကြီးကို စနစ်တမျိုးတည်း၊ လူတဦးတည်း အုပ်ချုပ်ဖို့ ကြိုးစားဖူးတဲ့
အလက်ဇန်းဒါးဘုရင်ကြီးကို နိုင်ငံရေးသုခမိန်တွေပြောတာ တခုရှိတယ်။ “မင်းသေသွားရင်
မင်းတိုက်ခဲ့တဲ့မြေတွေ မင်းပိုင်ဆိုင်မှာ မဟုတ်တော့ဘူး”