အယ်ဒီတာ့ အာဘော်

          တနင်္ဂနွေရက်သတ္တပတ်တိုင်းမှာ အဓိကဇာတ်ဆောင်ဆိုတာ ရှိစမြဲဖြစ်ပါတယ်။ နယ်ဝေးက သားငယ်၊ သမီးငယ်များ (သို့တည်းမဟုတ်) မိခင်၊ ဖခင်တွေပေါ့။ ရံဖန်ရံခါမြေးမြစ်တွေလည်း အဓိက ဇာတ်ဆောင် ဖြစ်တတ်ကြတယ်။ (သားအချစ် မြေး အနှစ်)

          သားကြီးမရှိသေးရင် ၀တ်ပြုစည်းဝေး မစတတ်သော အိမ်ထောင်မိသားစု၊ အိမ်ထောင်ရဲ့ ရင်နှစ်သည်းချာရတနာလေး မရောက်လာသေး၊ မပေါ်လာသေးရင် အိမ်ထောင်ဝတ်ပြုစည်းဝေးမစ တတ်သည် များလည်း အခါခါ  ရှိတတ်ကြပါတယ်။

သူတို့က အိမ်ရဲ့ကောင်းကြီး၊ အိမ်ရဲ့မင်္ဂလာရတနာ တံခါးကြီးဖြစ်တယ်။ သူတို့မဟုတ်တဲ့   မိသားစုဝင်တွေ မပါဝင်စေဦးတော့ မိသားစုတခုလုံးရဲ့ အဓိကအထူးပုဂ္ဂိုလ်ပါမှ ၀တ်ပြုခြင်း ဖြစ်တတ်ကြတဲ့ ဓလေ့က မျက်မှောက်ခေတ် ယုံကြည်သူတွေဆီမှာ အရိုးစွဲနေတတ်ကြပါတယ်။ ဒါဟာ အပြစ်ပြောလို့ မရပါဘူး။ အိမ်ရဲ့ မျှော်လင့်ခြင်းတခုလုံးက အဆိုပါ ပုဂ္ဂိုလ်ဆီမှာ ရှိနေတာကိုး။

          ၀တ်ပြုစည်းဝေးခြင်းမှာ မပါမဖြစ်နဲ့ အရေး ကြီးဆုံးသော   အထူးပုဂ္ဂိုလ်မှာ   သခင်ခရစ်တော် ဖြစ်ပါတယ်။ယုံကြည်သူတွေအတွက် မျှော်လင့်ရာသည် သခင်ယေရှုခရစ်တော်သာ ဖြစ်ပါတယ်လို့ တိုက်တွန်း ခွန်အားပေးရင်းဖြင့်... ။