War Room

     

          တစ်ခါတရံ ပုံမှန်ဖြစ်လေ့ရှိတဲ့ ဘ၀ပြဿနာမျိုးတွေကို ဘယ်လို ဖြေရှင်းလေ့ရှိတတ်ကြသလဲ။ ရန်ကိုရန်ခြင်း၊ လက်လက်ခြင်း၊ ခြေခြေခြင်း ဖြေခြင်းကြ တတ်ကြပါသလား။ အဆုံးသတ်ကော ကောင်းရဲ့လား။ အထိအခိုက်တော့ များ မှာသေချာတယ်။ War Roomရုပ်ရှင်ဇာတ်ကားကတော့ ဘယ်လို ဖြေရှင်းရ မယ်ဆိုတဲ့ ဖြေရှင်းနည်းကို အကောင်းဆုံးပေးစွမ်းသွားမှာပါ။

          ရုပ်ရှင်ချစ်သူတို့ ဆုတောင်းတတ်ကြတယ်မလား။ ဟုတ်ပြီ ဒါဆို ဆက်သွားကြမယ်။

          မိသားစုပြဿနာ၊ အိမ်တွင်းရေးပြဿနာ ကိစ္စကြီးငယ်မျိုးဆိုတာလူ့ဘ၀ဖြစ်တည်စတည်းက ပုံမှန်ဖြစ်လေ့ရှိတတ်တဲ့ ဓမ္မတာပါပဲ။ သည်းခံခြင်း ခန္တီပါရမီအားနည်းပါးသူအဖို့ကတော့ လက်နက်အားဖြင့် သော်လည်းကောင်း၊ အပြောအဆိုအပြုအမူအားဖြင့်သော်လည်းကောင်း တုန့်ပြန်တတ်ကြတယ်။ မငြိမ်းချမ်း

တဲ့ နယ်မြေတွေ အကြောင်းကို ဖတ်ရှုလေ့လာကြည့်ရင် အဖြေတွေ့ရမှာပါ။ ဘာကြောင့်များပါလဲ။

          လူသားတွေက ငြိမ်းချမ်းမှုကို ရှာဖွေလိုလားကြပါတယ်။ တဆက်တည်းမှာလည်း    အုပ်စုဖွဲ့ရန်လိုမှုကိုလည်း    ပြုလုပ်တတ်ကြပါတယ်။   ဒါကြောင့်ပဲ ငြိမ်းချမ်းရေးဖိုရမ်တွေ ရှိနေရတာပဲ မဟုတ်လား။

          War Roomဆိုတာ စစ်တလင်းအတိဖြစ်နေတဲ့ အခန်းမဟုတ်ပါဘူး။ မှန်တဲ့ စစ်တိုက်ထွက်တဲ့ ရဲဘော်အတွက် နည်းဗျူဟာကျကျ စစ်ချီလင်္ကာပြုစုရတဲ့အရာကို ဆိုလိုခြင်းဖြစ်ပါတယ်။

          မိသားစုတစုကို ဇာတ်အိမ်တည်ထားတာဖြစ်ပေမဲ့ ရုပ်ရှင်ကြည့်သူတို့ရဲ့ အသိစိတ်ကို ကောင်းကောင်းကြီး လှုပ်နိုးမယ်ဆိုတာတော့ အာမခံချက်အပြည့်ရှိပါတယ်။ အထူးသဖြင့် ၀ိညာဉ်ရေးရာ စစ်ချီတေး မသီတတ်သေးသူအတွက် နည်းနာယူဖို့ အင်မတန်ကောင်းမွန်တဲ့ ဇာတ်ကားကောင်း တပုဒ်ဖြစ်ပါတယ်။

          Quiet Time, Bible Study, Praying စတဲ့အရာတွေကို တွေ့ရှိရမှာပါ။ Good Problem Solvingကိုပါ လေ့လာလို့ အကောင်းဆုံးဖြစ်ပါတယ်။ ထာဝရဘုရားဆီမှာ ခိုလှုံပြီး ပြဿနာ အခက်အခဲအားလုံးကို ဖြေရှင်းခိုင်းတာ အကောင်းဆုံးပဲဖြစ်တယ်။

          ၀န်လေးသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။   ငါသည် ချမ်းသာပေးမည်လို့ပြောတဲ့ ဘုရားသခင်ဆီကို ရှိရှိသမျှ ၀န်ကြီးဝန်ငယ်အားလုံး အပ်နှံ သင့်လှပါတယ်။

          လူ့လောကရဲ့ အောင်မြင်မှုကို ဝေမျှခံစားတတ်တာ သဘာဝပါပဲ။ အင်္ဂါသားချင်းဖြစ်တဲ့ မိသားစုဆီမှာ ဝေမျှခံစားရမဲ့ကိစ္စကို တပါးသူဆီမှာ ဝေမျှမိ သွားရင်တော့ လမ်းမှားရောက်ပြီလို့ ဆိုရပါမယ်။ ဇာတ်လိုက်ရဲ့ အိမ်ထောင်ရေးဟာ သိပ်သာယာလှတာ မဟုတ်ပါဘူး။ ဆုတောင်းအားကြီးတဲ့ စစ်သည်တော်နဲ့ မိဿဟာရပြုပြီးတဲ့ကာလမှာတော့ အိမ်ထောင်မှုကိစ္စမှာ အရေးကြီးဆုံးပုဂ္ဂိုလ် ဘယ်သူဆိုတာ သိရှိသွားပါတယ်။ လူသည် တဦးတည်းမနေကောင်းဆိုတဲ့ မူရင်း အဓိပ္ပါယ်စစ်စစ်က သူတို့အလယ်မှာ  ခရစ်တော်ယေရှုရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ခရစ်တော်ကို နေရာမပေးတဲ့ အိမ်ထောင်ရေးဆိုတာ သာယာလှပ မှာ မဟုတ်ပါဘူး။ ခရစ်တော်ပေးတဲ့ ကိုယ်ခန္ဓာမှာ ခရစ်တော်ကို အုပ်စိုးပိုင်ခွင့် အရာအားလုံးပေးရမှာဖြစ်တယ်။   ခရစ်တော်ကို  နေရာမပေးတဲ့ အခြေအနေနဲ့ နေရာပေးပြီး   အခြေအနေပြောင်းလဲလာမှုကို   ရုပ်ရှင်ချစ်သူတို့   တွေ့ကြရမှာ ဖြစ်တယ်။

          အချင်းချင်း ချစ်ခြင်းမေတ္တာမှတပါး အခြားသောအကြွေးမတင်စေနှင့်။

Kristo