LITTLE BOY

 

လူ့ဖလံအရွယ် ကလေး

ငယ်ရွယ်စဉ်တည်းက ခန္ဓာကိုယ် မကြီးတော့တဲ့ကလေး

မွေးဖွားလာတည်းက အရွယ်အစားမကြီးနိုင်တဲ့ကလေး

ပိစိညက်လေးရဲ့ ဘ၀အကြောင်း။

သူ့ဘ၀ရဲ့ ယုံကြည်ခြင်းသန္ဓေခိုင်မာရင့်ကျက်လာပုံ

ကမ္ဘာကြီးကို မုန့်ညှင်းစေ့လောက်သာရှိတဲ့

ယုံကြည်ခြင်းနဲ့ ပြောင်းလဲနိုင်စွမ်းရှိပုံ

မျိုးစေ့စွမ်းအားကြီးရင့်လာပုံ

ထာဝရဘုရားသခင်ရဲ့ အံ့သြဖွယ်အမှုပြုပုံ

ဖက်ဆစ်နိုင်ငံသားအပေါ် ချစ်မေတ္တာပြပုံ

စတာတွေက ဇာတ်ကားကို ဆွဲဆောင်မှုပေးပါတယ်။

လူသန်ကြီးဂေါလျက်နဲ့ လူမမယ်အရွယ် ဒါဝိဒ်

ပုံစံတူ ဆာမူရိုင်းအကြောင်းက

ခွန်အား အများကြီးဖြစ်ထွန်းစေမှာပါ။

အကောင်းသေးတယ် အဆိပ်ပြင်းတယ်ဆိုသလိုမျိုး

လူ့ဖလံကလေးငယ်

ယုံကြည်ခြင်းအားကြီးလွန်းတော့

ရွေ့လျားသွားတဲ့ တောင်၊

ခနတာ ရပ်တန့်သွားတဲ့ နေလုံး၊

စစ်မြေပြင်မှာ သေဆုံးသွားပြီလို့ ကြေငြာခံရတဲ့ ဖခင်၊

နိမိတ်လက္ခဏာတွေ တခုပြီးတခုဖြစ်ပျက်သွားအပြီးမှာ

ဘုရားသခင်ကို ကိုးကွယ်သူအများသားကိုယ်တိုင်

အံ့သြဘနန်းဖြစ်ရသည်အထိ။

တနင်္ဂနွေဒေသနာက လူ့ဖလံလေးအတွက် အားအင်အကြီးကြီးဖြစ်ခဲ့ရတယ်။

သို့ပေမယ့် ဒေသနာရှင်က နောဧနဲ့မောရှေအကြောင်းကို

ဓမ္မဟောင်းကျမ်းထဲမှာပဲ ထားခဲ့လေသယောင်ပါပဲ။

သို့ပေသိ လူ့ဖလံလေးရဲ့ စိတ်ကူးယဉ်ယုံကြည်ခြင်း

အမှုပြုတဲ့အချိန်မှာတော့

သတင်းစာထဲ ငလျင်လှုပ်တဲ့အကြောင်း ပါလာရပြီ။

ငလျင်လှုပ်တဲ့အချိန်မှာ လူ့ဖလံလေး

ဘယ်လောက်ထိ ယုံကြည်ခြင်းပြင်းထန်ပေါက်ကွဲနေလဲ၊

ဘယ်လောက်ထိ ထာဝရဘုရားကို ယုံကြည်နေသလ။ဲ

ယုတ္တိဗေဒ၊ ရုပ်ဝတ္ထုဝါဒီတွေအတွက်တော့

ယုတ္တိမကျလှပါဘူး။

ကမ္ဘာကြီးရဲ့ သဘာဝတရားအရလှုပ်ခပ်ခြင်းလို့ပဲ

အတွေးပါးလေးပဲ ဟူသတတ်။

အဲဒီပြကွက်ကို ကြည့်နေမိရင် ကြည့်ဖူးခဲ့ရင်

ယနေ့ခေတ် ယုံကြည်သူလို့ခေါင်းစီးတပ်ထားတဲ့

ပုဂ္ဂိုလ်တော်မြတ်တွေကို စိန်ခေါ်မှုဖြစ်စေမှာပါ။

ကိုယ်တိုင် ဟောကြားနေတဲ့ဒေသနာ

ကိုယ်တိုင် နာယူနေတဲ့ဒေသနာ

ကိုယ်တိုင် စားသုံးဖတ်ရှုနေတဲ့ဒေသနာကျမ်းတွေကို

ဘယ်လောက်အထိ ယုံကြည်နေပါသလဲ။

ဘယ်အတိုင်းတာအထိ ယုံကြည်ကိုးစားမိနေသလဲ။

မြင်မှယုံကြည်တဲ့သူလည်းရှိသလို

မြင်အောင်ပြတဲ့ ယုံကြည်သူတွေလည်းရှိပါတယ်။

လူ့ဖလံလေးကတော့

မြင်မှယုံတဲ့ယုံကြည်သူတွေကို

မြင်အောင်ပြတဲ့ ယုံကြည်သူတယောက်ဖြစ်ပါတယ်။

ဇာတ်ကားက အတွေးအများကြီး ပွားများစေပါတယ်။

ဇာတ်ကားတကားလိုမျိုးကြည့်လိုက်မလား

ဆင်ခြင်ပွားများဖို့ ကြည့်လိုက်မလား

ဒါရိုက်တာရိုက်ချက်ကို ကြည့်မလား

ရုပ်ရှင်ချစ်သူတို့ ဆုံးဖြတ်ကြပေတော့လို့ ...။

 

Kristo