ကြာရှည်လာသော ကာလတခုအတွက်
သက်ပြင်းတွေချရင်း မောလာရတယ်
ဒီကာလကြီးကို ကျော်လွန်ချင်မိပါရဲ့
ဒါပေမယ့် ဘယ်တော့လဲလို့
မသိနိုင်ပြန်ဘူး
ကိုယ်တော်က
လူသားတွေကို ဆင်းရဲချမ်းသာတလှည့်စီ
ပေးတတ်တယ်လို့ ဆိုပြန်တော့
လောကကြီးမှာ ရှိရှိသမျှ ပုံသေမှတ်လို့မရအောင်ဖြစ်တာမို့
အဲတာကို မတည်မြဲခြင်းလို့
ဖွင့်ဆိုလို့ရပြန်တယ်လေ
မြေကြီးပေါ်မှာ
မတည်မြဲခြင်းပဲရှိတယ်လို့ သိထားခဲ့ပြန်တယ်
မနက်ဖြန်မှာ ယနေ့ရဲ့ နာကျင်ရတာတွေ
ရွေ့သွားပြီး
၀မ်းမြောက်ခြင်းတွေ
ခိုဝင်လာနိုင်တာပဲလို့ မျှော်လင့်မိတယ်
ဒေသနာကျမ်းက
နေရောင်အောက်မှာပြုသမျှဟာ
အနတ္တသက်သက်ဖြစ်တယ်လို့ဆိုထားတယ်
မျက်မြင်ရသောမြေကြီးပေါ်က
အရာမှန်သမျှဟာ
ဘယ်လောက်ပဲ တည်ဆောက်နေပါစေ
လဲပြိုချိန်ကို အလှည့်ပေးရတယ်လို့
ဒေသနာကျမ်းက ဖော်ပြထားတယ်
(ဒေသနာကျမ်း ၃း၃၊ ၃း၆)ကို
ဖတ်ကြည့်မယ်ဆို တွေ့ရပါတယ်။
သတ်သောအချိန်နှင့် အနာပျောက်စေရသောအချိန်လည်းရှိ၏။
ဖြိုဖျက်ရသောအချိန်နှင့်
တည်ဆောက်ရသောအချိန်လည်းရှိ၏။
ကြာရှည်လာသောကာလတခုအတွက်
သက်ပြင်းတွေချရင်း မောလာရတယ်
ဒီကာလကြီးကို ကျော်လွန်ချင်မိပါရဲ့
ဒါပေမယ့်
ဘယ်တော့လဲလို့ မသိနိုင်ပြန်ဘူး
ကိုယ်တော်က
လူသားတွေကို
ဆင်းရဲချမ်းသာတလှည့်စီပေးတတ်တယ်လို့ ဆိုပြန်တော့
လောကကြီးမှာ ရှိရှိသမျှ
ပုံသေမှတ်လို့မရအောင် ဖြစ်တာမို့
အဲတာကို မတည်မြဲခြင်းလို့
ဖွင့်ဆိုလို့ ရပြန်တယ်လေ
မြေကြီးပေါ်မှာ တည်ဆောက်သမျှဟာ
ပြိုပျက်တဲ့အချိန်တွေရှိတယ်လို့ သိထားခဲ့ပြန်တယ်
မနက်ဖြန်မှာ ယနေ့ရဲ့ နာကျင်ရတာတွေ
ရွေ့သွားပြီး
၀မ်းမြောက်ခြင်းတွေ
ခိုဝင်လာနိုင်တာပဲလို့ မျှော်လင့်မိပါတယ်
သခင့်အလိုတော်ကို ၀န်ခံရင်း
မျိုးစေ့တွေကို ထွေးပိုက်ထားမိတယ်
နေ့ရက်များကို
ခြိုးခြံကျော်ဖြတ်ရင်းနဲ့
ပန်းတိုင်ပျောက်မသွားဖို့
အချိန်တွေကို နှုတ်တိုက်ကျက်မှတ်နေမိသည်ပေါ့
နှုတ်ကပတ်တော်အားဖြင့် ပြုံးမိစဉ်ပင်
လက်ရှိအခြေအနေများကြောင့်
ငါ့ဝိညာဉ်သည် ညှိုးနွမ်းလျက်ရှိသည်
ခြေလှမ်းများကို တခါမျှ
မရပ်တန့်ခဲ့ဖူးသော်လည်း ယခုခြေစုံရပ်နေခဲ့ရပြီ
စိတ်နှလုံးတို့
ဆို့နစ်တိုးတိတ်နေခဲ့ရသည်
ယုံကြည်သူသည်
နှုတ်ကပတ်တော်အားဖြင့် တည်ဆောက်ရသည်မို့
မိမိအတွင်းလူငြိမ်သက်ဖို့ အားပေးသံကိုပြုလို့
ခရီးဆက်ရပြန်တယ်လေ ။
(ဆာလံ ၄၂း၅)
အို ငါ့ဝိညာဉ် သင်သည် အဘယ့်ကြောင့်
ငြိုးငယ်သနည်း။
ငါ့အထဲမှာ အဘယ့်ကြောင့်
မငြိမ်မ၀ပ်ရှိသနည်း။
ထာဝရဘုရားကို
မျှော်လင့်လျက်နေလော့။
ငါ့ကို ကယ်တင်တော်မူသောအရှင်
ငါကိုးကွယ်သောဘုရားသခင်၏
ကျေးဇူးတော်ကို
ငါချီးမွမ်းထောပနာ ပြုရလေအံ့သတည်း။
မေနှင်း (ပျိုးပင်ငယ်)