ကပ်ဘေးဒုက္ခကြီး
လွန်မြောက်ပြီးသွားခဲ့ရင်မိတ်ဆွေရောင်းရင်းတို့အနေနဲ့ ဘာတွေလုပ်ကြမှာလဲ။
အ၀တ်အစား ဒီဇိုင်းအသစ်တွေရှိတဲ့ Shopping
Mallတွေဆီသွားမှာလား၊
ခန္ဓာကိုယ်တခုလုံး ခေါင်းအစ၊
ခြေအဆုံး ပေါင်းတင်ဖို့ Beauty Saloonတွေဆီ သွားကြမှာလား၊ အသိမိတ်ဆွေတွေနဲ့
စကားလက်ဆုံကြဖို့ဆိုင်တဆိုင်ထိုင်နေကြမလား။ သေချာတာတခုကတော့ လွတ်မြောက်မှုအတွက်
ပုံစံတခု လုပ်ကြမှာပဲ မဟုတ်လား။
ထောင်တွင်းကျခံနေရသူ၊ အချုပ်ကျခံနေရသူ၊
ရက်ရှည်လရှည် အိမ်နှင့်ဝေးပြီး တနယ်တကျေး ရောက်နေသူတွေဟာ အိမ်ရဲ့ လွတ်လပ်ခြင်းအရသာကို
ခံစားတမ်းတတတ်ကြတယ်။ အချုပ်အနှာင် ဘ၀ကနေ သူတို့လွတ်မြောက်သွားပြီဆိုရင်လည်း ပတ်ဝန်းကျင်မှာရှိတဲ့ ဖြစ်ပျက်နေတဲ့
ကိစ္စတိုင်းက သူတို့အတွက် သန့်ရှင်းလှပနေတတ်တယ်။ ရှူမိတဲ့လေကိုတောင်မှ
သန့်ရှင်းလတ်ဆတ်လွန်းတယ်လို့
မှတ်မှတ်ထင်ထင်ရှိတတ်ကြတယ်။
ကပ်ဘေးကြီး လွန်မြောက်ပြီးသွားရင်
နိုးကြားနေတဲ့ ခရစ်ယာန်တွေရဲ့ သက်သေခံ ချီးမွမ်းချက်တွေ၊ နိမိတ်လက္ခဏာပြုပုံတွေ၊
ရူပါရုံအသစ်အကြောင်းတွေ ကို အိပ်ပျော်နေတဲ့ ခရစ်ယာန်တွေက မျက်စိနဲ့ပါးစပ်
အဟောင်းသားနဲ့ အံ့သြခြင်းရှိကြမှာ ဖြစ်တယ်။
အဲဒီတော့ ပြန်မေးမှာမယ်။ ကပ်ဘေးကာလ လွန်မြောက်ပြီးသွားရင် မိတ်ဆွေတို့အနေနဲ့ ဘာတွေပြုလုပ်ကြမှာလဲ။ကပ်ဘေးဆင်းရဲတွင်း ကာလမှာကော ဘာတွေ လုပ်ကြမှာလဲ။