အယ်ဒီတာ့ အာဘော်

COVID-19လှိုင်းလုံးကြီးတွေဟာ ယုံကြည်သူ လူတန်းစားအလွှာတွေကို ရိုက်ခပ်လာနေပြီ ဖြစ်တယ်။

          ကလေးသူငယ်အရွယ်၊ လူပျိုအရွယ်၊ လူလတ်ပိုင်းအရွယ်နှင့် လူကြီးပိုင်းအရွယ်ဆိုပြီး ယုံကြည်သူ လူတန်းစား (၄) ရပ်ရှိပါတယ်။

          အထူးသဖြင့် ပထမအရွယ် များပြားလွန်းလှတဲ့ အသင်းတော်တွေဟာ  အထူးဂရုစိုက်ရမယ့် အချိန်အခါကို ရောက်နေပြီဖြစ်ပါတယ်။ သိုးခိုးခံရမှုတွေ ကြုံတွေ့လာနိုင်ချေများပါတယ်။ ဒုတိယအရွယ်များကတော့ စားဖွယ်ခဲစဉ်တွေကို ရှာတတ်နေပြီဖြစ်လို့ ၎င်းတို့အတွက် စိုးရိမ်မှုကင်းကင်းနဲ့ အိပ်စက်အနားယူနိုင်ပါတယ်။ မိခင်အသင်းတော် တရားဟောဆရာများ နိုးထမှု   အားနည်းနေမယ် ဆိုရင်တော့   ၎င်းတို့လည်း ခြံပြောင်းသွားနိုင်ချေရှိပါတယ်။ တတိယအရွယ်ရှိတဲ့သူတွေဟာ မိခင် အသင်းတော်ရဲ့ တမန်တော်တွေပါပဲ။ သြ၀ါဒပိုင်းဆိုင်ရာတွေရဲ့ အရာသာကောင်းမွန်ခြင်း၊ ချိုလွန်းခြင်းနဲ့ စပ်လွန်းခြင်းတွေကို အောက်အရွယ်တွေကို လမ်းပြပေးနိုင်သူတွေဖြစ်ကြပါတယ်။ တတိယ အရွယ်အလွန် စတုတ္ထအရွယ်တွေကတော့ ယုံကြည်သူများ မြောက်များစွာပွားများဖို့     လုပ်ဆောင်ရမဲ့သူတွေ ဖြစ်နေကြပါပြီ။

          အရွယ်(၄)ပါးစလုံးမှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ အပြန်အလှန်ထိန်းကြောင်းခြင်းအလုပ်ကို လုပ်ဆောင်ခြင်း ကလည်း မိခင်အသင်းတော်ကို ပိုမို ခိုင်ခံ့စေပါတယ်။

          ယုံကြည်သူများအချင်းချင်း အပြန်အလှန် ထိန်းကြောင်းမှုပြုခြင်းယန္တရား တည်ဆောက်တတ်ကြပါစေ။