ဒီဆူး ၊ ခန္ဓာကိုယ်မှာ စူးသော ဒီဆူး
အသွေးအသားဆိုတဲ့
ဇာတိဆူး
ကိုယ်မလိုချင်ဘူးလေ
ဒီဆူး
ခက်ခဲမှုဆိုတဲ့
ဒုက္ခဆူး
မခေါ်ပဲ
ရောက်လာတယ်လေ
နာကျင်စေသော
ဒီဆူးများ
လွတ်မြောက်ချင်မိတယ်လေ
မခံနိုင်တော့ဘူးကွယ်
မျှော်လင့်ချက်တွေလည်း
မဲ့နေခဲ့ပြီလေ
ဒီဆူးတွေက
ကိုယ့်ကို အရမ်းပင်ပန်းစေတာပဲ
ဒါပေမယ့်
ဒီဆူးကို မဖယ်ပေးတဲ့
ချစ်လှစွာသော
သခင်ယေရှု
ကိုယ်တိုင်
ကြုံတွေ့ခံစားဖူးတယ်လေ
အို
... ကိုယ့်အကြောင်းကို
သူသိပ်နားလည်တာပေါ့ကွယ်
မခံနိုင်တဲ့
စုံစမ်းခြင်းနှောင့်ယှက်ခြင်းကို
အခွင့်ပေးတော်
မမူဘူးတဲ့လေ
သစ္စာနှင့်ပြည့်စုံသော
ထိုသခင်က
သူ့ရဲ့ကျေးဇူးတော်အားဖြင့်
ခံနိုင်ဖို့ရန်
ထွက်မြောက်ရာလမ်း
ပြင်ဆင်ပေးတယ်လေ။