ဆုတောင်းသူ

သွေးမျက်ရည်များ ဖြည့်ကျက်

စစ်တလင်းပြင် ဖြစ်လိုဖြစ်

ရောဂါဗရပွ အနာအလိမ်းလိမ်း ။

တိဗက်…… မကယ်နိုင်

လုမ္မနီ…… မကယ်နိုင်

မက္ကာ…… မကယ်နိုင်

အို ဂျေရုစလင်…… မကယ်နိုင် ။

လှုပ်ခပ်သတ္တ၀ါဆိုး ငလျင်ခပ်စိပ်စိပ်

သို့လော သို့လော

အရှေ့၊ အနောက်၊ တောင်၊ မြောက် ။

ကြောက်လန့်ခြင်းက

လက်ခုပ်သံနဲ့ ရောယှက်ယှက်

တံပိုးသံနဲ့ ရောယှက်ယှက်

ပက်သာစောင်းနဲ့ ရောယှက်ယှက် ။

ဗင်းဆင့်ဗန်ဂိုး…… နား

ပီကာဆို…… နား

ကားလ်မာစ့်…… နား

ဗလာဒီမာလီနင်…… နား

ဟစ်တလာ…… နား

နပိုလီယံ…… နား

မူဆိုလီနီ…… နား

ရဟူဒီ…… နား

အေဗရာဟင်လင်ကွန်း…… နား

မဟတ္တမဂန္ဒီ…… နား

စိမ်းစိမ်းကျက်ကျက် အင်ပါယာ…… နား ။

 

စဲလာအို