အယ်ဒီတာ့ အာဘော်

          ယနေ့ခေတ်မျက်မှောက်ခေတ်ကာလမျိုးတွင် အကြောက်တရားဟူသည် အထူးပင်ရေပန်းစားလျက်

ရှိသော စကားလုံးဖြစ်သည်။ အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းတွင် ပိုမို အာဏာပါဝါ တည်မြဲလေ့ရှိသည် ကို အထူးပင်ညွှန်းဆိုရန် မလိုတော့ပြီ။

          သမ္မာကျမ်းတွင် မကြောက်ဖို့ရန် ၃၆၅ကြိမ် တိတိ ရေးသားဖွင့်ပြထားသည်ကို တွေ့ရှိကြရပါသည်။

ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာ၏အချုပ်အချာဖြစ်သည်ဟု ဆိုထားသည် မဟုတ်ပေလော။

          ယနေ့ခေတ်ယုံကြည်သူတို့ မည်သည့်အရာကို ကြောက်ရွံ့ကြသနည်း။ အလုပ်အကိုင်မရှိ တော့မည်ကိုလား၊ စားဝတ်နေရေး အဆင်မပြေတော့မည်ကိုလား၊ ကိုရိုနာဗိုင်းရပ်စ်ကိုလား၊ ဘုရားကျောင်း မသွားရတော့မည်ကိုလား။ ကျွန်ုပ်တို့မခံနိုင်သော စုံစမ်းနှောက်ယှက်ခြင်းများကို ထာဝရဘုရားက ခွင့်ပြုပေးမထားပါဘူး။ Coronaကပ်ဘေး ရှိနေပါစေဦးတော့ ထာဝရဘုရားကိုကြောက်ရွံ့ပြီး သူ ကွယ်ကာနေတယ်ဆိုတဲ့ ယုံကြည်မျှော်လင့်ခြင်းမျိုး ထားတတ်ဖို့ အင်မတန်မှ အရေးကြီးသောကာလ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

          ခေတ်စနစ်ခေတ်ရေစီးကြောင်းသည် ရှေ့တူရုသို့သာ မင်းမူနေသည်ကို သိထားကြပြီးဖြစ်ကြမည်။ ကမ္ဘာ့စီးပွားပျက်ကပ်နေချိန်၊ ကမ္ဘာ့ကပ်ရောဂါဘေး ကြုံတွေ့နေရသော အချိန်တွင်သော်မှ   ထာဝရဘုရား

အား ကြောက်ရွံ့ရိုသေ၍ သူ၏ နှုတ်ကပတ်တော် များအား ဆင်ခြင်ချီးမွမ်းရင်းဖြင့်    အသက်ရှင်နေထိုင်သောဘ၀မျိုး ထားရှိမွေးမြူကြဖို့ တိုက်တွန်းနှိုးဆော် အပ်ပါသည်။