ခေတ်ရေစီးကြောင်းကဦးနှောက်ဖောက်စားကြတာ ချည်းပါပဲ။
“ဒီတပည့်လေးတော်တယ်”
“အဲဒါ ငါ့တပည့်” “ငါ့ကျောင်းက” စသည် စသည်။
“သူအတော် ထူးချွန်တာပဲ”
“ငါနဲ့တူတာ”
ဂုဏ်ဆာနည်းတမျိုး။
နိုင်ငံရေးနေနေ၊ စီးပွားရေးနေနေ၊ ဘာသာရေးနေနေ ဦးနှောက်ဖောက်စား ဂုဏ်ဆာတတ်ကြတာ
လူ့ သဘောဘာဝပဲလေ။
“အသံအရမ်းကောင်းတာပဲ”
“ငါ့ အမျိုး”
“အဲဒါ ငါ့ဦးလေး ၂၀မ်းကွဲတော်တယ်”
“အရင်တုန်းက ငါ့ဘေးအိမ်က ငါလက်ဖက်ရည်
တိုက်နေကြ ကောင်လေ” စသည် စသည်။
ပြောင်းလဲလာတဲ့ ခေတ်ရေစီးသမိုင်းကို
လက်ခံ ထားရမယ်။ Facebookလိုမျိုး Social Mediaမှာ Featureတွေ မနည်းဘူး။
တယောက်တည်းသုံးရတာ နိုင်လှ တယ်ဆိုတာ မရှိပါဘူး။ နေ့စဉ်နေ့တိုင်းလည်း အသစ် အသစ်
ပေါ်ပေါ်နေတော့ နည်းပညာက ရှေ့ရောက်ပြီး လူက နောက်ရောက်နေတာ ထုံးစံပါပဲလေ။ နို့ပေသိ
နည်းပညာနဲ့ယှဉ်ပြေးနိုင်ဖို့ ကြိုးစားတဲ့သူကတော့ တပန်း သာကြတာပဲ။
ခေတ်ကာလအရ Digital Marketingနဲ့ Page
Like များအောင် လုပ်လို့ရပါတယ်။ Boost Postလည်း လုပ်လို့ရပါတယ်။
ဒါကိုနားလည်ကျွမ်းဝင်ဖို့ လိုအပ်ပါတယ်။ ကိုယ်သုံးနေတဲ့ Facebookအကြောင်း
ဂဃနဏသိရှိထားမှ Social Media မာယာကျော့ကွင်းထဲက ရုန်းထွက်
နိုင်မှာပါ။(နစ်မွန်းနေကြလို့ ရုန်းထွက်တယ်လို့ သုံးနှုန်းရခြင်းဖြစ်ပါတယ်)
ပရိသတ်လက်ခံပြီးသား ယုံကြည်သူ
အနုပညာရှင်တွေအနေနဲ့ မိမိတို့ရဲ့ပုံရိပ်ကို အကောင်းဆုံး မြှင့်တင်ပေးဖို့
လိုအပ်လှပါတယ်။ ဒါကို Digital Marketing သမားတွေ ကောင်းကောင်းသိထားကြပါတယ်။ Pageတခုလုံးကို သူတို့ကောင်းကောင်းမွန်မွန်
ကိုင်တွယ်တတ်ပါတယ်။ သူတို့က စနစ်တကျ
လေ့ကျင့်သင်ကြားထားတဲ့ Professionalအရ လုပ်ကိုင်နေတဲ့သူတွေပါ။
ဘယ်အချိန်မှာဘာလုပ်ရမယ် သူတို့ကောင်းကောင်းကြီး သိတယ်။ထုတ်ကုန်တခု
ရောင်းအားမြှင့်ဖို့ အကောင်းဆုံး အကြံဥာဏ်တွေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့
ဗျူဟာကျကျ ဈေးကွက်တန်းဝင်
Postသဏ္ဍာန်မျိုး တင်တတ်သူတွေပါ။
ရှေးယခင်ကာလများတုန်းက
PEPနို့မှုန့်ဆိုပြီး ဟိုးလေးတကျော်မဖြစ်ခင်တုန်းက အပြောင်းအလဲ လုပ်ဖို့
လိုအပ်နေပြီဆိုတာ ပိုင်ရှင်ဖြစ်သူက သိနှင့်ပြီးဖြစ်တယ်။ သူ့ရဲ့ထုတ်ကုန်ကို
ဈေးကွက်တန်းမှီဖို့အရေး လူသုံးများဖို့အရေး
နာမည်ပိုရဖို့အရေး ဈေးကွက်ထဲ ပိုထိုးဖောက်ဖို့ အရေးကိစ္စ အဆောတလျင်လုပ်ဖို့ မန်နေဂျာခန့်အပ်မှဖြစ်မဲ့ကိစ္စပါ။
ဈေးကွက်တန်းမှီဖို့ကိစ္စကို ပိုင်ရှင်သူဌေးက မကျွမ်းကျင်ပါဘူး။ သူကျွမ်းကျင်တဲ့
နယ်ပယ်မျိုးမှ မဟုတ်တာကိုး။ ဒါပေသိ မန်နေဂျာခန့်အပ်ပြီး ဖြေရှင်းမှ အဆင်ပြေမယ်
ဆိုတာတော့ သူသိနှင့်နေတယ်။ အဲဒီလိုနဲ့ စက်ရုံဝင်ငွေသုံးပုံနှစ်ပုံကို
မိုက်ရူးရဲစွာသုံးပြီး မန်နေဂျာ ခန့်လိုက်တယ်။
မကြာလိုက်ပါဘူး စက်ရုံအမြတ်ငွေ
လည်း ဖောဖောသီသီ တန်းဖြစ်လာတယ်။ အချီကြီးပွ တယ်ဆိုရမှာပေါ့။
ကိုယ့် Page Likeနည်းနေရင် Postတွေ View
နည်းနေရင် တက်ကျွမ်းပုဂ္ဂိုလ်ဆီ
တာဝန်ပေးအပ်လိုက် ပါ။
သူတို့ကောင်းကောင်းကြီး ကိုင်တွယ် ဖြေရှင်းတတ် ပါတယ်။ သူတို့က Digital Marketingသမားတွေလေ။
ခေတ်ရေစီးကြောင်းကို
အမှီလိုက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။