စာမူဖိတ်ခေါ်ခြင်း

ခရစ်ယာန်ရေးရာစာပေအား ချစ်ခင်မြတ်နိုးသူများထံ စာမူတောင်းခံလွှာ

စည်းမျဥ်းစည်းကမ်း
- မည်သည့်နေရာ(မဂ္ဂဇင်း၊ ဂျာနယ်၊ မီဒီယာ)ကိုမျှ တပြိုင်တည်း ပေးပို့ထားသော စာမူ မဖြစ်စေရ။
- မဂ္ဂဇင်း၊ ဂျာနယ်၊ မီဒီယာ၊ စာအုပ်တွင် ဖော်ပြပြီးစီးသော စာမူများ မဖြစ်စေရ။
- လူမှုကွန်ရက် (facebook, twitter, blog, website, ...etc) တွင် တင်ထားပြီးသား စာမူအမျိုးအစား လက်ခံမည်မဟုတ်ပါ။
- အသင်းတော်၊ ဂိုဏ်းဂဏနအား ထိခိုက်စေသော စာမူမျိုး မဖြစ်စေရ။
- ကလောင်ရှင် (ကိုယ်တိုင်) ရေးသားထားသော စာမူဖြစ်ရမည်။
- မှီငြမ်း တုပရေးသားထားသော စာမူဖြစ်ပါက မှီးထားကြောင်း အကိုးအကား ပြရပါမည်။
- စာမူနှင့်ပတ်သက်၍ အရှုပ်အရှင်းဖြစ်ပါက စာမူရှင်နှင့်သာ သက်ဆိုင်ပါသည်။
- စာမူရွေးချယ်ခြင်း၊ ငြင်းပယ်ခြင်း၊ တည်းဖြတ်ခြင်း၊ ပြင်ဆင်ခြင်းသည် အယ်ဒီတာများ၏ လုပ်ပိုင်ခွင့်ဖြစ်သည်ကို သိနားလည်ထားရမည်။
- ပေးပို့သည့်စာမူအား သက်ဆိုင်ရာအယ်ဒီတာအဖွဲ့ဝင်များ၏ တည်းဖြတ်၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်းအား လက်ခံနိုင်ရမည်။

စာမူပေးပို့ရန်လိပ်စာ
နည်းလမ်း (၁)
- devoship.journal.mm@gmail.comသို့ Microsoft Office Word, Pdf Format နှစ်မျိုးစလုံးဖြင့် ပေးပို့ရပါမည်။
- ပြည်ထောင်စုဖောင့် (၁၂) ဖြင့် ရေးသားထားသော စာမူဖြစ်ရပါမည်။
- Subjectတွင် စာမူ (ကဏ္ဍ)အလိုက် ဖြည့်သွင်း ရေးသားပေးရပါမည်။

နည်းလမ်း (၂)
- Devoship Journal၏ Message Boxတွင် ပေးပို့ရပါမည်။

နည်းလမ်း (၃)
- Devoship Journal၏ စာမူလက်ခံဌာန Facebook Groupတွင် ပေးပို့ရပါမည်။

ဆက်သွယ်မေးမြန်းရန်
+959 2561 1616 2

စာမူနှင့်ပတ်သက်သည့် ရွေးချယ်၊ ငြင်းပယ်ခြင်းအား 
၁လအတွင်း ပြန်လည်အကြောင်းပြန်ပေးသွားပါမည်။

Devoship Journal Team