Risen


သခင်ယေရှုခရစ်တော် မွေးဖွားတဲ့ ရက်ရာသီရောက်ပြီဆိုရင် ခရစ္စမတ်နဲ့ပတ်သတ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ အတိုင်းတိုင်းအပြည်ပြည်မှာ ရိုက်ကူးရေးတွေ ပြုလုပ်လေ့ရှိကြပါတယ်။ HBOလိုမျိုး ရုပ်သံမှာလည်း အဆိုပါ ရုပ်ရှင်ဇာတ်ကားမျိုးတွေ အတွဲလိုက်ပြလေ့ရှိပါတယ်။ ဒါပေမယ့် အခုပြောမယ့် အကြောင်းကတော့ ခရစ္စမတ်လိုမျိုးပဲ အထူးဂရုပြုရမယ့် ရက်လမြတ်ရာသီတခုအကြောင်း ဖြစ်ပါတယ်။
မွေးဖွားလာပြီး ရှင်ပြန်ထမြောက်တာတွေ မရှိဘူးဆိုရင် သခင်ယေရှုဟောပြောခဲ့တာတွေ၊ အနာဂတ္တိကျမ်းတွေ၊ ဗျာဒိတ်တော်တွေက ဘာအဓိပ္ပါယ်ရှိလိမ့်မတုန်း။
Risenဆိုတဲ့ ဇာတ်ကားကို ကြည့်ရှုလိုက်ပါလို့ အကြံပေးပါရစေ။ ရှင်ပြန်ထမြောက်တော်မူတဲ့အကြောင်းကို အကုန်လုံးကို မချုံငုံနိုင်စေဦးတော့ ရှင်ပြန်ထမြောက်တော်မူတဲ့ အကြောင်းအရာ တစ်စိတ်တဒေသကို တွေ့ရှိရမှာဖြစ်ပါတယ်။ တောင်ပေါ်ဒေသနာတွေ၊ မွေးဖွားတော်မူခြင်းအကြောင်းတွေထက် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို အဓိကထားပြောပြတဲ့ ရိုက်ပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ တပ်မှူးလေးကို ဇာတ်အိမ်တည်ထားတာပါ။ တပ်မှူးလေးအဆုံးမှာ ပြောင်းလဲသွားလား မပြောင်းလဲဘူးလားတော့ ရုပ်ရှင်ဇာတ်ကားကို အဆုံးထိကြည့်မယ်ဆိုရင်တော့ သိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုစတာကို လေ့လာကြည့်ပါလို့ ညွှန်းဖွဲ့ချင်ပါတယ်။ 
ဒါနဲ့ အနှီတပ်မှူးလေးနေရာကို တမျိုးလေးပြောင်း စဉ်းစားကြည့်ရအောင်။ စာရှုသူက တပ်မှူးလေးဆိုပါစို့။ သခင်ယေရှုက လက်ဝါးကားတိုင်မှာ အသေခံဖို့သွားနေပြီ။ သေလည်း သေတော့မယ်။ ဒီကြားထဲ တပ်မှူးလေးက ကိုယ့်မျက်စိရှေ့မှာ ဘုရားသခင်ရဲ့သားတော်ကို အသေသတ်တော့မှာကို မျက်ဝါးထင်ထင်မြင်နေရပြီဆိုရင်တော့ဖြင့် တပ်မှူးလေးနေရာအစားခနထိုးတဲ့ ရုပ်ရှင်ချစ်သူတို့ ဘာဆက်လုပ်ရတော့မလဲ။ တွေးချင်စရာလေးပါ။
ဒီဇာတ်ကားကြည့်ပြီးပြီဆိုရင် သုံးသပ်ချက်လေးတွေ ရေးကြည့်ပါဦး။ မြင်ချင်စမ်းပါဘိ။ ဒီဇာတ်ကားကို မယုံကြည်သေးသူတွေနဲ့ အတူတူ ကြည့်လိုက်ရင် ဇာတ်ကား အနှစ်သာရ ပိုများရှိသွားလေမလားလို့။
Channel Myanmarလို ဆိုဒ်မျိုးမှာ ဒီဇာတ်ကား ရယူကြည့်ရှုနိုင်ပါတယ်။

Kristo