ထွဏ်း ။ ။ မင်္ဂလာပါ အားလုံးပဲ။
နှင်း ။ ။ ဆိုပါဦးကွ။
လုံ ။ ။ သတင်းထူးကြားရတော့မယ်နဲ့ တူတယ်။
နှင်း ။ ။ ဟုတ်တာပေါ့။ ခုချိန်ကာလက နောက်ဆုံးသောကာလအချိန်ရောက်နေပြီလေ။ Covid 19။ လုံနဲ့ထွန်းလည်း စိတ်လှုပ်ရှားနေကြရောပေါ့။
ထွဏ်း ။ ။ အေးလေနော်။ ဆုတောင်းနေတဲ့ အချိန်ကာလအလွန်တခုကို ရောက်ကြရတော့မယ်။ မမြင်ဖူးသေးတဲ့ ကျမ်းစာထဲကအကြောင်းအရာတွေ တွေ့ရတော့မယ်ဆိုတော့ ငါတော့ စိတ်လှုပ်ရှားနေပြီ။
လုံ ။ ။ နှင်းကတော့ အေးဆေးး။ ဘုရားသခင်ရဲ့ ချစ်လှစွာသောသမီးပေကိုး။
နှင်း ။ ။ ရွဲ့သလိုလိုနဲ့ အဲလောက်ထိတော့ မတင်စားပါနဲ့ဟာ။
ထွဏ်း ။ ။ ဟုတ်တယ်တော့ထား။ အိပ်လိုက်စားလိုက် လုပ်နေရတဲ့ ငါ့ကိုလည်းသနားပါဦး။ “Time to Pig & Turn to Pork” ဒါငါ့ဆောင်ပုဒ်ဖြစ်နေပြီ။ ဟား ဟား။
လုံ ။ ။ ဟိ ဟိ။ အဲဒီဆောင်ပုဒ်ကို ငါလည်း သဘောကျနေပြီကွာ။
နှင်း ။ ။ ဟာ.. ပြောစရာရှားလို့။
“Time to Pray & Turn to Rapture” ဒီလိုလေးတော့ လုပ်စမ်းပါဟ။
ထွဏ်း ။ ။ အာ... အပြောလွယ်သလောက် အတော်ခက်တယ်ဟ။ Bible Reading Challenge တောင် လုပ်နိုင်ခဲ့တာမဟုတ်ဘူး။ Covid 19ကြောင့်ဖြစ်လာတဲ့ BR Challenge ဟိုးလေတကျော်ကျော် ဖြစ်သွားသေးသပ။
လုံ ။ ။ အေးနော်။ ငါလည်း လူနာကြည့်ရတာနဲ့ ဆေးခန်းဖွင့်ရတာနဲ့ မအားနိုင်ဘူးဖြစ်နေတယ်။ ထွဏ်းပြောတဲ့ BR Challengeခုမှ ကြားဖူးတာ။
နှင်း ။ ။ နင်တို့အတွက် အချိန်က ရှားကုန်ဖြစ်နေပြီလား။ တကယ်က ကိုယ်တော်အတွက်ဆို အချိန်က ပေးကုန်ဖြစ်ရမှာ။
ထွဏ်း ။ ။ ဒါနဲ့ နှင်း နင့်ကို မေးစရာရှိတယ်။ တလောတုန်းက အယူလွဲကိစ္စအတော်လေး အုတ်အော်သောင်းနင်းဖြစ်သွားသေးတယ်။ ဒီကြားထဲတောင်အာဖရိဘက်ကမှာ ပရောဖတ်ပြုချက်ဆိုပြီး Dettolသောက်ခိုင်းတာ သင်းဝင် ၅၉ယောက် မာလကီးယားသွားသေးတယ်။ ခေတ်ကာလက ဆိုးလွန်းပါတယ်။ တော်သေး အဲဒီလို လူတွေကို ဆရာမတင်မိလို့။
နှင်း ။ ။ ပြောပြမယ်။ ပရောဖတ် အတုဆိုတာရှိသလို။ အစစ်လည်းရှိတာပဲ။ ပရောဖက် ဧလိယခေတ်တုန်းက ပရောဖတ်တု ၄၀၀ကျော် ရှင်းထုတ်ခဲ့ရတာကို သိကြတယ်မလား။ အတုအစစ်ကို ဘုရားသခင်က ရှင်းထုတ်မှာ မပူပါနဲ့။ အေးဆေးပေါ့။
လုံ ။ ။ ငါတော့ ငါ့လူနာတွေကို ဆုတောင်းပေးဖြစ်တယ်သိလား။ သူတို့ကိုတွေ့ရတာ စိတ်မကောင်းဘူး။ ၀င်ငွေရတာတော့ မှန်ပေမယ့် ခံစားရတာမကောင်းဘူး။
နှင်း ။ ။ ဒါများ လွယ်လွယ်လေး။သခင်ယေရှုအသွေးတော်နဲ့ အနာရောဂါကို ငြိမ်းစေပြီလို့သာ ဆုတောင်း။ တောင်းတဲ့ဆုကိုလည်း ၀မ်းမြောက်ရွှင်လန်းတဲ့စိတ်နဲ့ ခရစ်တော်နာမည်နဲ့ဝန်ခံလိုက်။ အားလုံးအေးဆေး ငြိမ်းအေးပဲ။ Go Corona, Corona Goပေါ့ကွာ။
ထွဏ်း ။ ။ လွှတ်မိုက်။
DS