ထွဏ်း ။ ။ တောင်ပေါ်ဒေသကို လွမ်းလိုက်တာ။
နှင်း ။ ။ ဘာလို့တုန်း။ ဒီကပ်ရောဂါကာလမှာ
ဘာမှမရှိတဲ့ တောင်ပေါ်မှာ Quarantine ချင်တာလား။ Isolationချင်တာလား။
ထွဏ်း ။ ။ အဲလိုလည်း မဟုတ်ပါဘူး။
တောင်ပေါ်မှာကြားရတဲ့ ခေါင်းလောင်းသံလေးကို လွမ်းလို့ညည်းမိတာပါ။ သာရေးရှိရှိ
နာရေးရှိရှိ တီးကြတယ်လေ။ ဘ၀မှန်ချက်ကိုလှစ်ပြလိုက်သလိုပဲ။ မြို့ဘက်မှာကျတော့
အရေးပေါ်ဥသြသံပဲကြားနေရတယ်။ Covid19ကာလဆိုတော့လည်း အဲဒီဥသြသံက ဘယ်တော့
ငါ့လာခေါ်မလဲမသိ။ ရင်တမမနဲ့။
လုံ ။ ။ ဟုတ်တယ်နော်။ တောင်ပေါ်ဒေသမှာဆို
ဆုတောင်းပေးတဲ့သူတွေ တန်းစီနေကြတာ။
အရေးအကြောင်းရှိရင် သွေးနီးကြပါ့။
နှင်း ။ ။ နင်ကလည်း အစောတည်းက အဲလိုပြောရောပေါ့။
ငါ့နှယ်ယုန်ထင်ကြောင်ထင်ဖြစ်ရပြီ။
ထွဏ်း ။ ။ ဒီနေ့တော့ ငါတရားချမယ်။ သေချာနားထောင်။
လိုင်လင်းပိရွာသား Dr.Sa Saပြောဖူးတာကို ကိုးကားမယ်။ သခင်ယေရှုက တောင်ပေါ်မှာ တရားဟောတယ်။ မောရှေလည်း တောင်ပေါ်မှာ
ပညတ်တော် (၁၀)ပါးကို ယူတယ်တဲ့။ ခုငါတို့နေတဲ့ မြေပြန့်ကတော့ ဒုက္ခကြုံလိုက်ရရင်ကို
ကြောက်လိုက်တာ တန်းနေရော။ ဒီလို ကပ်ရောဂါကာလချိန် ဘယ်သူ ငါတို့ဆီ တရားဒေသနာ
လာကျွေးလိမ့်မလဲ။ နင်တို့ စဉ်းစားကြည့်။
လုံ ။ ။ အမလေး။ ဒီလိုအချိန် တောင်ပေါ်မှာလည်း
၀တ်ပြုလို့ရလို့လား။
ထွဏ်း ။ ။ ရှင်းပြမယ်။
တောင်ပေါ်ရွာဖြစ်တယ်ဆိုပြီး အထင်မသေးလိုက်နဲ့။ နေ၀င်မိုးချုပ် သူတို့
ဒူးထောက်ဆုတောင်းကြတယ်။ ရွာသေးပေမယ့် ဘုရားကျောင်းများတယ်ဆိုပြီး ထေ့လုံးနဲ့
ဆော်ကြတဲ့ သူတွေကိုလည်း ပြောလိုက်ချင်ရဲ့။ ဒီလိုချိန် Home Churchတွေနဲ့
သာသာယာယာပဲ။ ပြောင်းဖူးပြုတ်စားမလား။ ထောင်းစားမလား။ အေးဆေးပဲ။ သူတို့လယ်ကရတဲ့
စပါးတို့ အသီးအနှံ့တို့ကို သူတို့ စားကြတယ်။ မိသားစုတိုင်းမှာ အနည်းဆုံး
အမှုတော်ဆောင်တယောက်ရှိတော့ အေးဆေးပေ့ါ။ မရှိတဲ့သူဆိုရင်တောင် အနည်းဆုံးတော့
တရားဟောတတ် သီချင်းဆိုဂစ်တာတီးတတ်ပါ့။
နှင်း ။ ။ အင်းနော်။ ငါတို့မြို့ပြတန်းလွှာတွေဆို
ဘာမှ သေသေချာချာ ဖြစ်မြောက်တာ မရှိဘူးနော်။ သင်းအုပ်ဆရာ တရားဟောမှ
တရားနာကြရတာမျိုးနဲ့။
နှင်း ။ ။ တူရိယာဆိုတာလည်း ချီးမွမ်းခြင်းနဲ့
ကိုးကွယ်ခြင်းကို ဦးဆောင်သူတွေပဲ လှုပ်ရှားမှာလို့ တွေးမိခဲ့တာ။ Liveလွှင့်ပြီး
ဒေသနာဟောကြားတဲ့ယဉ်ကျေးမှုတော့ ထွန်းကားလာပါရဲ့ကွာ။ တကယ်ဆို
ကိုယ်ကပြန်ကျွေးရမယ့်အရွယ်၊ ကိုယ့်ဘာသာစားသုံးရမယ့်အရွယ် ရောက်နေပြီကို ...။ ဟင်း
…. ရင်မောရပါတယ်ဟာ ။
လုံ ။ ။ အဲ.. ငါတော့ တနင်္ဂနွေနေ့ကို
ဆုတောင်းပြီး ကုန်ဆုံးပါတယ်နော်။
DS