အမှတ်မထင်သော

ညရဲ့ခေါ်သံထဲ
အလင်းတစက်ကျသွား
ဂစ်တာအိုတလုံး
မိသားတစု ။
အပ်ကြောင်းထပ်ရွက်ဖတ်နေတဲ့
အချိန်းအချက်ကြရာနေ့
ပြင်ဆင်နှင့်ပြီးလေတော့
ယုံကြည်သူဟူသည် အဘယ်နည်း ။
ညီအစ်ကို မောင်နှမတတွေ
ဆုတောင်းရာနေ့ ။
နားရှိသူ ချီးမွမ်းတတ်ပါ၏ ။
လင်းချည်မှောင်ချည်
မျှော်လင့်ခြင်းလရောင်အောက်
ဆုတောင်းစကား
သခင်သိပါတယ်
သခင် ။
 
စဲလာအို