ယုံကြည်ချက်တွေအကုန်.. သတ်လိုက်မိမှန်း.. မသိလိုက်မိမှန်း..
မသိလိုက်တာလား.. မူလကတည်းက မရှိခဲ့ကြတာလား..
စာရေးသူ မတွေးတတ်နိုင်အောင်ပဲ..
လမ်းပြကြီးများကို.. အံ့အားသင့်စွာငေးကြည့်နေမိသည်သာ..
ယခင်က.. ထိုသူတို့အားဖြင့်ရရှိခဲ့သည့် ၀ိညာဉ်ခွန်အားတို့သည်..
မိမိအတွေးများ
နောက်ပြန်စီးဆင်းကုန်သည်။
လူသားဖြစ်၍မစုံလင်နိုင်တာကို လက်ခံပါသည်..
မိမိ အစိတ်အပိုင်းအင်္ဂါချင်း..လဲပြိုခြင်းကို..
တပါးအမျိုးသားများနှင့်အတူ.. နှစ်ထောင်းအားရစွာ..
လက်ညှိုးထိုးလျက် ပြစ်တင်နေသည်က ကြည့်မကောင်းအောင်ပင်..
ထိုအဖြစ်အပျက်များသည်..
စာရေးသူ၏ အသက်တာ၌ ယုံကြည်ခြင်းကို..
တည်ဆောက်ခဲ့သမျှ..
အုတ်မြစ်ပါမကျန် လဲပြုကြေမွသွားသလိုပင်..
“ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ”ဟု
သင်ယူဖူးသော်လည်း..
မေတ္တာကို အရင်းခံသော ယုံကြည်သူဖြစ်ကြသော်လည်း..
ဆရာသမားများဖြစ်လျက်..
ကြည့်မြင်သူအပေါင်းကို..တည်ဆောက်စရာ အာဟာရကို
ဝေငှရမည့်အစား..
ထိလွယ် ရှလွယ်သောလက်နက်များကိုရမ်းခါလျက်
ရှေ့ထွက်ရပ်သော..
သခင်နောက်လိုက်များသည်..
လူမှုကွန်ယက်တွင် ဆယ်လီကြီးများအဖြစ်ခံယူနေသည်
ပိုးဖလဲများပမာတည်း..။
ကြမ်းကျွံသွားသော ခြေတဖက်အတွက် ပြန်ထုတ်ယူလျှင်.
အနာတရသွေးကျတတ်သည်။
လောကကြီးရေ..
အမူအကျင့်တို့ကျွံဝင်တတ်သော
သခင်နောက်လိုက်များကြောင့်
သခင်နိုင်င်္င”မှောင်ရိပ်လွှမ်းသောနိုင်ငံ” ဖြစ်ခဲ့ရသည်။
ချစ်သောယုံကြည်သူ..
တကယ်က လူသားများအတွက် ချစ်ခြင်းမေတ္တာသည်..
တဦးကိုချစ်၍ တဦးကို မုန်းတတ်သည်။
ရန်သူကိုပင်ချစ်ဖို့သွန်သင်သော သခင့်ချစ်ခြင်းကိုတော့
လူသားတွေလိုက်လျှောက်ဖို့ ခက်လှသည်။
သို့သော် ..
မိမိကိုနားလည်သော မိသားစုခြံဝင်းထဲမှာမဟုတ်ပဲ..
ကမ္ဘာ့မျက်စိများကြား.. လောကကြီးရဲ့ နားတွေကြားထဲ..
လမ်းထွက်လျှောက်တတ်သောမိသားစုဝင်တချို့ကြောင့်..
ညှိုးနွမ်းစရာများ ပုံရိပ်ထင်ခဲ့ပြီ..
အားရကျေနပ်စွာ
လက်ခုပ်တီးအားပေးနေသော ပရိသတ်များရှေ့..
နှုတ်အားဖြင့်လဲကျသောသူ.. အပြုအမူအားဖြင့် ခြေချော်သော..
မိသားစုဝင်တချို့အား..
ပြန်ထနိုင်ဖို့..ဖေးမတွဲကူမည်လား..
သို့မဟုတ်..
တပါးသူများနည်းတူ.. လှောင်ရယ်ပြစ်တင်နေမလား..
မိမိတို့လက်အစုံနှင့် နှုတ်စကားများသည်..
မိမိသည် မည်သို့သောသူဟု ဖော်ပြနေသည်ကို သတိချပ်စေချင်ပါသည်..
သင့်ရှေ့မှာလဲကျနေသော သင့်အင်္ဂါချင်းထက်
သင်က ပိုကောင်းနေ၍လား..
ထိုလဲကျနေသော မိသားစုဝင်ထက်
သင်က အပြစ်ကင်းလို့လား..
ပြန်လည်ဆင်ခြင်ဖို့ကာလသည် ယခုဖြစ်သည်။
စာရေးသူတို့၏ စာတလုံးသည်.. အသက်တာတည်ဆောက်ဖို့အတွက်
သဲတပွင့်ဖြစ်ပါစေလား..
စာရေးသူတို့၏ စကားတခွန်းသည်..
အသက်တာ တည်ဆောက်ဖို့အတွက်
သဲတပွင့်ဖြစ်ပါစေလား..
စာရေးသူတို့ လုပ်ဆောင်ချက်များအားဖြင့်
သခင့်နိုင်ငံတော် မှောင်ရိပ်မလွှမ်းစေချင်ပေ..
အချင်းချင်း နှစ်သိမ့်စေတတ်သောသူများဖြစ်ဖို့နဲ့
သခင့်မေတ္တာကို နေရာအနှံ့စီးဆင်းနိုင်ဖို့..
မစီးဆင်းနိုင်သော.. စိတ်နှလုံးကမူကထစ်များကို ဖြေချကြရအောင်..
အချင်းချင်း သခင့်ထံမှချစ်ခြင်းတို့စီးဆင်းခြင်းအားဖြင့်
၀န်းကျင်တခုလုံး လင်းစေကြပါစို့လို့..။
အယောက်စီတိုင်း သာ၍ ကောင်းကြီးပေးပါစေ..။
မေနှင်း (ပျိုးပင်ငယ်)