အိပ်စက်နေသည်။ တစ်စုံတယောက် အိပ်စက်နေသည်။ နှစ်ခြိုက်ခြင်းဇိမ် အပီအပြင်ယူနေခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ခြင်း ကြီးစိုးနေသည်။ နာရီသံများမှာ “ချက် ချက် ချက်”ဖြင့် ပီပြင်စွာ ရုပ်လုံးကြွနေသည်။
သူအိပ်စက်နေသည်။ တစ်စုံတယောက် အလွန်အမင်း နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။
ဒေသစိမ်းတခု ရောက်ရြှိခင်းတွင် ပတ်ဝန်းကျင်သည် အသစ်ဖြစ်မြဲဖြစ်တတ်သည်မှာ ဓမ္မတာပင် ဖြစ်သည် မဟုတ်ပေလော။ “ဒေသစိမ်း.ဒေသစိမ်း” စိမ်းလန်းနေသော ဒေသတခုတော့ မဟုတ်တန်ရာ။ ဤသည်မှာ လွန်စွာသေချာလှပါ၏။
လေ့လာရေးဆင်းသော လူငယ်တစုတွင် အိပ်စက်သူ ပါရှိလေသည်။ တောင်ပေါ်လေသည် လေ့လာရေးဆင်းသူများအားသန့်ရှင်းလတ်ဆက်သော လေထုအား ပေးပျော်ပါ၏။ ချွေးများ သီးရင့်နေသော အင်္ကျီများ ရွှဲစိုနေသော် လည်း အိုအေစစ်တခွက် အရသာသည် ပေးပျောက်ပါစေ၏။ အမည်မှန်းစ၍ မရတတ်သော ဒေသစိမ်းသို့ ရောက်ရှိနေသော လူငယ်တစုသည် မည်သည်အား စပ်စုစူးစမ်း ရှာဖွေနေ သည်ကို အိပ်ပျော်နေသူကျုပ်လည်း ကောင်းစွာ မသိရှိ ပါ။ ကျုပ်လည်း လေ့လာရေးဆင်းလူငယ်တွင် တဦးအပါအ၀င် ဖြစ်သည်။
တောင်ပေါ်လမ်းကား နှစ်လမ်းသာမျှရှိပါ၏။ ဆုံးသောလမ်း ရှာမတွေ့သကဲ့သို့ စသောလမ်းလည်း ရှာဖွေ မတွေ့ရှိတန်ရာ။ လျှောက်သွားနေသော လူငယ်များသည် ပီပြင်လိုက် ဝိုးတဝါးဖြစ်လိုက်နှင့် ဦးတည်ရာတခုလားရာတခုဆီသို့ ရွေ့လျားနေသည်ကိုတော့ အထင်းသား သိရှိရပါ၏။
ရှေ့တူရူသို့ချီဆောင်နေသော လူအုပ်စုတွင် သင်းကွဲကဲ့သို့သောသတ္တဝါသည် ရှိမြဲရှိတတ်သည် မဟုတ်ပေလော။ စပ်စုတတ်သော သဘာဝအား မတားဆီးတန်နိုင်ရာဖြစ်၍ ကမ်းပါးယံတခုဆီသို့ ကျုပ်ရောက်ရှိသွား၏။ “ကမ်းပါးယံ”ဟု သုံးနှုန်းခြင်းသည် ကမ်းပါးယံဟု မှတ်ထင်သောကြောင့် သုံးနှုန်းရခြင်းဖြစ်သည်။ တောင်ကမ်းပါးယံဟုပြောဆိုလျှင်ပို၍ ဖြစ်နိုင်ချေများမည်ဖြစ်သည်။
တောင်ကမ်းပါးယံအောက်တွင် နာဂအိမ်များရှိ၏။ သူတို့သည် အေးဆေးတည်ငြိမ်လွန်း နေသည်ကို သတိထားမိပါ၏။ မျက်လုံးများဖြင့် မသိမသာ၊ သိသိသာသာ အကဲ ခတ်ခြင်းမျိုးလည်း မရှိပါ။ ပုံမှန်၎တို့၏ ရွာသားများနည်း တူ ထင်မှတ်ထားသော အသိမျိုး အတွေ့မျိုးဖြင့် ဆက်ဆံခြင်းမျိုးကဲ့သို့ ဖြစ်နေသည်ကို ဆိုလိုရင်းဖြစ်သည်။ အမှန်တွင် ဒေသစိမ်းသို့ လူစိမ်း ၀င်ရောက်လျှင် “ရန်သူလော၊ မိတ်ဆွေလော”ဟူသည့် အကဲခတ်ခြင်းဖြင့် စောင့်ကြည့်လေ့လာနေရမည်မှာ ၄တို့၏ ဘာသာဘာဝပင် ဖြစ်သည်။ ဤသည်မှာ ထူးခြားခြင်းဖြစ်သည်။
စပ်စုမှတ်တမ်းတင်ချင်သော“ကျုပ်” တောင်ကမ်းပါးယံအောက်သို့ လျောတိုက်ဆင်းမိလျက်သား ဖြစ်သွား၏ အင်မတန်လျောလျလွန်းသော တောင်ကမ်းပါးယံဖြစ်သည်မို့ အပေါ်သို့ ပြန်တက်နိုင်ခြင်း မရှိနိုင်ရာ ဖြစ်နေရသည်။ ကျုပ်ကြိုးစားကြည့်သည်။ပင်ပန်းဆင်းရဲခြင်းအဖြစ်သို့သာ ရောက်ရာ၏။ တောင်ကမ်းပါးယံအပေါ်သို့ ပြန်လည် တက်ရောက်နိုင်စွမ်းငှာ မတတ်စွမ်းသာရာ။ ထိုအချိန်အခါ တွင် အင်္ကျီမ၀တ်သော အပေါ်ပိုင်းဗလာသုံးနှစ်အရွယ်ခန့်ရှိသော ကလေးငယ်တဦးသည် ကျုပ်အဖြစ်အား အံ့သြငေးမောခြင်းဖြင့် ကြည့်လျက်နေ၏။ ကျုပ်လည်း အပေါ်သို့ပြန်မတတ်နိုင်သည့်အတူတူပတ်ဝန်းကျင်အား လေ့လာအကဲခတ်ကာ မီးစင်ကြည့်ကရတော့မည်ဟု ဆုံးဖြတ်ရလေတော့၏။
အသိစိတ်ပြန်ကပ်ချိန်တွင် အ၀တ်မပါ ညစ်ထေးနေသော ကလေးတဦးအား ကျုပ်တွေ့ရှိရလေ၏။ ကျုပ်သည် ဇိုမီးချင်းမျိုးနွယ်စုဝင်ဖြစ်သောကြောင့် ကလေး အား ဇိုမီးဘာသာစကားဖြင့် နှုတ်ဆက်မိ၏။ အဆိုပါ ကလေးငယ်သည် “umm”တလုံးသာ ပြောဆိုသည်။
“Zopau na thei na” , “umm”
“Hih mun pen koi mun ahia?” , “?”
ပြီးနောက် ပြေးထွက်သွားလေ၏။ ကျုပ်လည်း ကလေးငယ်ပြေးထွက်သွားသောနေရာသို့ ၄နည်းတူ လိုက်ပြေးမိ၏။ ထိုအချိန်တွင် ရိုးရာယဉ်ကျေးမှုဟု ယူဆ၍ရနိုင်သော အိမ်ကြီးရခိုင်တလုံးကို တွေ့ရှိရပါ၏။ ခြံမရှိသောဝက်တကောင်၊ နို့တန်းလန်းနှင့်ဖြစ်နေသော အမယ်အိုတဦး စသူတို့ဖြစ်သည်။ နောက်တဦး သက်ရှိဖြစ်သူမှာ အစောတုန်းက ပြေးထွက်သွားသော ကလေးငယ်သာလျှင်ဖြစ်သည်။ အိမ်ကြီးရခိုင်၏ ထိပ်ဝမုဒ်ဦးကဲ့သို့ ဖြစ်နေသောနေရာတွင် ကျွဲချိုလော၊ နွားချိုလော ခန့်မှန်းရခက်သော ချိူတခုအား ချိတ်ဆွဲထားလေ၏။ အိမ်သည် ဝါးအိမ်ဖြစ်လေ၏။ ဓနိနှင့်လည်း တူ၏။ အုတ်ရိုးဖြင့် ပြုလုပ်ထားသည်တော့ မဟုတ်တန်ရာကား ကျုပ်ကောင်းစွာ သိရှိပါ၏။ စတိုခန်းဟူသောနေရာတွင် ပစ္စည်းပစ္စယများ ထိန်းသိမ်းထား၏။
ကျုပ်လည်း အမယ်အိုကို တွေ့ရှိသောအခါ ဗမာ စကားဖြင့် ပြောဆိုစကားစမိ၏။ အကြောင်းမှာ ဇိုမီးချင်း စကားကို ကလေးငယ်က ကောင်းမွန်စွာမသိရှိနိုင်ဟူသော အသိစိတ်အား မိမိဖာသာ ဆုံးဖြတ်ချက်ချကာ ပြောဆိုလိုက်ဖြင်းဖြစ်သည်။ ထိုအချိန်တွင် အမယ်အိုသည် ခေါင်းခါပြ၏။ ကျုပ်မှာလည်း ဘာသာစကား ၃မျိုးတည်းသာ သိရှိသည်ဖြစ်၍ နောက်ဆုံးနည်းသာ အသုံးပြုရန် ကျန်ရှိတော့၏။
ပြောနေရင်းဖြင့် အားမရတော့ဘူးဖြစ်ပုံရ၏။ ဗမာစကားဖြင့် အသုံးအနှုန်းပြောင်းသွား၏။
“Hello” , “Yep”
“Where is this? How can I get out of there”
“Umm… I want to offer you”
ပြောနေရင်းဖြင့် အားမရတော့ဘူး ဖြစ်ပုံရ၏။ ဗမာစကားဖြင့် အသုံးအနှုန်းပြောင်းသွား၏။
“မင်းနေရပ်ကို ပြန်သွားချင်တယ်ဆိုရင် လုပ်စရာတခုရှိတယ်။ ငါတို့နာဂတွေက ပညာရေးနိမ့်ကျ လွန်းတယ်။ ပညာရေးတိုးတက်အောင် လုပ်ပေးရင်လွှတ်ပေးမယ်”
“ဟုတ်ပြီ။ အဲဒါဆိုရင် ကျုပ်ဘက်ကလည်း အခြေအနေ သုံးခုပြောပြမယ်။
၁။ ဒီနေရာ အရမ်းနံတယ်။
၂။ ဒီကအစားအစာတွေကျုပ်စားနိုင်မှာ မဟုတ်ဘူး။
၃။ ခင်ဗျားနေခိုင်းတဲ့နေရာ နွားတင်းကုပ်လိုလို၊ ဂိုဒေါင်လိုလို၊ စတိုခန်းလိုလိုနေရာမှာ ကျုပ်မနေနိုင်ဘူး”
စကား အခြေအတင်ဖြစ်ပြီးနောက် လမ်းမနှင့် နာရီစင်တခု ကပ်လျက်ကြားသို့ နှစ်ဦးသား ဦးတည်ချက်လွှဲရန်ထွက်ခွာကြ၏။ အမယ်အို၏ သဘောမှာ သူ့ပိုင်နက်အားပြသခြင်းပေလော မပြောတတ်ပေ။ ထိုအချိန်တွင် ကျုပ်၏ဦးနှောက်တွင် ပရိုဂရမ်တခု ဆွဲနှင့်ပြီးဖြစ်သည်။
“နာဂနတ်ရှိလား။ မိတ်ဆက်ပေးပါဦး”
ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်ဝတ္ထုသည် အသိစိတ်မှတ်ဥာဏ်နေရာတွင် နားခိုလာ၏။ နာဂနတ်နှင့် ပါဝါယှဉ်ပြိုင်နိုင်လျှင် ယခုအရှုပ်ထုတ်မှ လွတ်မြောက်နိုင်မည်ဟု လွတ်မြောက်ရေးအကြံ ကြံစည်မိခြင်း ဖြစ်သည်။
မကြာသောကာလတွင် ရိုးရာဝတ်စုံပြည့် ၀တ်ဆင်ထားသော နာဂနတ်ဆရာဟုယူဆရသော ပုဂ္ဂိုလ်တဦးရောက်ရှိလာ၏။ ပြီးနောက် ပုဂ္ဂိုလ်ထူးတယောက်လည်း ရောက်ရှိလာပြန်၏။ အဆိုပါ ပုဂ္ဂိုလ်ထူးဝတ်ဆင်ထားသော ၀တ်စုံမှာဇိုမီးချင်းရိုးရာဝတ်စုံဖြစ်၍ အံ့သြမိန်းမောခြင်း ဖြစ်ရသေး၏။
အဘယ့်ကြောင့်နည်း... ။ အဘယ့်ကြောင့်နည်း...။
နာဂနတ်ဆရာမှာ နတ်ဝင်သည်ပုဂ္ဂိုလ်အား ကျုပ်နှင့် အမယ်အို၏ မလှမ်းမကမ်းသောအရပ်တွင် ခေါ်ယူကာ နတ်ပင်းသွင်းလေ၏။ နှုတ်မှလည်းဂါထာများ ရေရွတ်နေလေ၏။နတ်ဝင်သည်နှင့်နတ်ဆရာစသူတို့အနီးသို့ ကျုပ်ချည်းကပ်သွားပါ၏။ ပွဲကြီးပွဲကောင်းတပွဲဆင်နွှဲရန် မည်ကဲ့သို့သောစွမ်းရည်မျိုးဖြင့် သတ္တိရှိလာခြင်းအား ကျုပ်မသိရှိပေ။ လက်ခမောင်းခပ်ကာ ၎င်းတို့အနီးသို့ ကျုပ်ချည်းကပ်သည်။ နှုတ်မှလည်း အခြားသော ဘာသာစကားများရေရွတ်နေ၏။
နတ်ဝင်သည်နှင့် နတ်ဆရာသည် စက်ဝိုင်းတခုတွင် လည်ပတ်နေသော နာရီလက်တံကဲ့သို့ ဖြစ်နေကြ၏။ သေချာသည်မှာ နတ်ဝင်သည်ထံသို့ နတ်ဝင်နှင့်ပြီးဖြစ်၏။ ကျုပ်မှာလည်း အခြားသောဘာသာ စကားအား နှုတ်ဖြင့် ရဲတင်းစွာ ပြောဆိုဖြစ်ဆဲပင်ဖြစ်၏။ ဆုတောင်းခြင်းအမှုကိုလည်း ပြုလုပ်နေ၏။ ထိုအမှုအရာနှစ်ခုသည် ကျုပ်၏ ဓားနှင့်ဒိုင်းကဲ့သို့ ဖြစ်နေ၏။မရည်ရွယ်ထားသောတိုက်ကွက်ဖြစ်သည်။ ခံစစ်ဖြစ်သည်။ ထိုးစစ်ဖြစ်ပေသည်။ သိုင်းကွက်လည်း ဖြစ်သည်။ စစ်နည်းဗျူဟာလည်း ဖြစ်ပေသည်။
နာဂပရိသတ်များသည် ကြောက်ရွံ့နေကြ၏။ ၎င်းတို့ကြောက်ရွံ့ကြသည်မှာ နတ်ဆရာနှင့် နတ်ဝင်သည် ဖြစ်သည်။ နတ်ဆရာနှင့် နတ်ဝင်သည် ကြောက်သည်မှာ ကျုပ်ဖြစ်နေသည်။ အသို့ဆိုရသော် ကျုပ်၏ အပြုအမူအား
ကြောက်ရွံ့ခြင်းဖြစ်၏။
ဤသို့ဖြင့်ကစားပွဲတခု၏ အဆုံးသတ်ခရာမှုတ်ရန်အချိန်အခါကောင်းသို့ ရောက်ရှိလာချေပြီဖြစ်သည်။
“သခင်ယေရှု၏ မြတ်သောမဟာနာမကို အမှီပြု၍ ဆုတောင်းပါ၏”
နတ်ဝင်သည်ကိုယ်တွင်းမှ ပိုးဖလံတကောင် ထွက်သွား၏။ အဆိုပါ အကောင်အား ကျုပ်၏ ညာလက်ဖြင့် အားရပါးရ လွှဲရိုက်လိုက်၏။
(ပိုးဖလံဟူသည် ဇိုမီးဘာသာစကားအားဖြင့် “Kauphe” ဖြစ်သည်။ “Kau”ဟူသည် နတ်နှင့်ဆိုင်သော “နတ်ဆိုးဝိညာဉ်များ”ဟု အဓိပ္ပါယ်ရသည်)
ဤသို့ အသိစိတ်လွင့်မျောရင်း ကျုပ်လန့်နိုးလေ၏။
အဆိုပါ တောင်ပေါ်ဒေသအရပ်သည် မည်သို့သော အရပ်ဒေသ ဖြစ်မည်နည်း။ တွေ့ရှိရသောနာရီစင်သည် မေမြို့နာရီစင်နှင့် အတော်ပင် သဏ္ဍာန် တူညီလှပေသည်။ တောင်ကမ်းပါးယံက ဆင်ခြေလျောသည် ထောင်ခြောက်ပင်ဖြစ်သည် မဟုတ်ပေလော။ ကျုပ်ကဲ့သို့သော သူများအတွက် ထောင်ခြောက်မိစေရန် တမင် သက်သက်များ ပြုလုပ်ထားခြင်းမဟုတ်ပေလော။ မကောင်းသော အငွေ့အသက် ခံစားရခြင်းအမှုဖြစ်သည့်အားလျော်စွာ ဤအချီတွင် ၎င်းတို့ကျရှုံးသွားရသော်လည်း နောက်အချီတွင်မည်သူကျရှုံးလိမ့်မည်နည်း။ မည်သူ သားကောင် ဖြစ်လိမ့်မည်နည်း။ မေးခွန်းများ စီစရီထွက်လာသည်။ နယ်လွန်ရောက်သွားရသော အိပ်မက်
ခရီးကြမ်းကာလလွန်သော် ကျုပ်လည်း ချက်ချင်းဆိုသလိုပင် ဆုတောင်းခြင်းအမှုကို ပြုလုပ်ဖြစ်၏။
“ကျွန်ုပ်အား နယ်လွန်တခုရဲ့ ၀ိညာဉ်တိုက်ပွဲမှာ အနိုင်ရရှိအောင် အားဖြည့်ကူညီပေးလို့ ကိုယ်တော့်ကို
ကျေးဇူးတင်ရှိပါတယ်။ ကျွန်ုပ်နဲ့အတူတိုက်ပွဲဝင်ပေးလို့လည်း ထပ်မံပြီးတော့ ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ကူညီပေးလို့ ထောင်ခြောက်ထဲကနေ ကျွန်ုပ်လွတ်မြောက်ခွင့်ရရှိတာဖြစ်တယ်။ လက်ဝါးကပ်တိုင်ပေါ်က သခင်ယေရှု အသွေးတော်ဟာ ကျွန်ုပ်အတွက်ဖြစ်တယ်ဆိုတာဝန်ခံပြီး လောကနဲ့မဆိုင်တော့တဲ့ ကောင်းကင်နိုင်ငံသားကျွန်ုပ် ကျိန်ခြင်းအမင်္ဂလာကို အနိုင်ယူခဲ့ပြီးကြောင်း သခင်ယေရှုအသွေးတော်နဲ့ ခြုံလွှမ်းလို့ နယ်လွန်က လွတ်မြောက်ခွင့်ရရှိတာဖြစ်ကြောင်းနှုတ်က၀န်ခံချီးမွမ်းရင်း ဆုတောင်းပါတယ်အဖဘုရားသခင်။ အာမင် ”
စဲလာအို