တခါမျှ
မစဉ်းစားမတွေးတောဖြစ်ဖူးသေးသော ဆန်းသစ်လှသည့် အကြောင်းအရာများအား မျက်ဝါး ထင်ထင်
တွေ့ကြုံမိခဲ့ရပါမူ မိတ်ဆွေ ဘာပြုလုပ်မိမည်နည်း။
COVID-19အကြောင်း
ပြောဆိုခြင်းဖြစ်သည်။တရုတ်နိုင်ငံ ၀ူဟန်မြို့မှ စတင်သန္ဓေတည်လာသော Corona Virus အကြောင်း ဖြစ်ပါသည်။
အဆိုပါ ဗိုင်းရပ်စ်ပိုးသည် ယခုချိန်တိုင်အောင်သစ်လွင်နေပေသေးသည်။
(ဖြေဆေးရှာ မရသေး၍ သစ်လွင်သည်ဟု သုံးနှုန်းခြင်းဖြစ်သည်)
လူမည်သည်ကား
ခရစ်တော်၌ တည်ရှိပြီးလျှင်လူသစ်ဟု ခေါ်ဆိုနိုင်ပြီဖြစ်သည်။ အတောင်ဟောင်း
လဲနှင့်ပြီးသော ရွှေလင်းယုန်နှင့် ပမာနှိုင်းအပ်ပါသည်။ စပျစ်နွယ်နှင့်
စပျစ်အကိုင်းအခက်အား ပုံဖော်သော ကျမ်းပိုဒ်အားလည်း လှန်လှောကာဆင်ခြင်ကြည့်ကြစို့။
ယခုအချိန်တွင်
ရင်နင့်ဖွယ်ကောင်းသည်မှာ အတောင်ဟောင်းအားပိုမိုနှစ်သက်လိုလားဟန်ရှိသော
ခေတ်သစ်ရွှေလင်းယုန်ငှက်တို့သည် မည်သည့်အချက်အကြောင်းကြောင့်
ဇာတ်တူသားအား ပိုမိုစားလိုကြသည်မှာ ရင့်နင့်ဖွယ်ကောင်းပါပေစွ။
ကောင်းကင်ပြင်သည် အကျယ်ကြီးပင် ဖြစ်ပေသည်။ မုန်သက်မုန်တိုင်းလာချိန်တွင် လေဟုန်စီးကာ လေဟုန်ခွင်းရမည်မှာ ရွှေလင်းယုန်ငှက်များ၏ အလုပ်ပင်ဖြစ်သည် မဟုတ်ပါလော။