ဘုရားသခင်ရယ်နေလို့တဲ့
ဗိုင်းစ်ရပ်တစ်ကောင်
မွေးပေးလိုက်တယ်
ဘုရားလူဆိုသူက
ဗိုင်းရပ်စ်ကို
ကိုက်တယ်
ဗိုင်းရပ်စ်က
ယုံကြည်ခြင်းကို ကိုက်တယ်
ကာကွယ်ရေးတပ်သားတွေက
ဗိုင်းရပ်စ်ကို
လိုက်သတ်တယ်
ဗိုင်းရပ်စ်မှာ
သူလျှိုရှိတယ်
ဒီလိုနဲ့
ကြီးမားတဲ့နိုးထမှုနဲ့ဗိုင်းရပ်စ်ဟာ
သူလျှိုတွေလက်က
ထကြွတယ်
ကြောက်လန့်မှုတွေကို
ပစ်ခတ်တယ်
ငါတို့ရင်ဘတ်ကိုထိတယ်
ဘိုးဘေးတို့ရဲ့ယုံကြည်ခြင်းကို
ပစ်ခတ်တယ်
ငါတို့အသားတွေကိုထိတယ်
ဗိုင်းရပ်စ်တွေ သေသာသွားရင် သွားမယ်
ငါတို့ကတော့ ဆက်တိုက်အပစ်ခံရတော့မယ် ။