မြေပြင်နိုင်ငံတော်က အမှုထမ်းတွေ အလုပ်များနေကြသလို ကောင်းကင်နိုင်ငံတော်က အမှုထမ်းတွေလည်း အလုပ်များကြရတဲ့ အခါသမယတခု။
ဝူဟန်ကအစပြုလိုက်တဲ့ ဇာတ်လမ်း ဥရောပကနေ ဖွံ့ဖြိုးဆဲအာရှအထိခြေဆန့်နှင့်ပြီးဖြစ်။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နှင့်ကြပြီ။ လက်ဆေးကြသူ၊ ပိုးသတ်ဆေးဖြန်းသူတွေခြေချင်းလိမ်နေကြတဲ့ နွေဦးပေါက်ရာသီ မြင်ကွင်းကမမေ့နိုင်စရာနေ့ရက်တွေအကြောင်း တေးဖွဲ့ဆိုကြပြီလေ။
“သင်၌ မကောင်းသော အနိဌာရုံမကပ်ရောက်။ သင့်နေရာသို့ ဘေးဥပဒ် မချဉ်းကပ်” (ဆာလံကျမ်း ၉၁း ၁၀)
တိုင်းပြည်အနှံ့က COVID-19ဘေးအန္တရာယ်ရှောင်ရှားနိုင်ဖို့ ဆောင်ထားကြတဲ့ မဟာကျမ်းချက် တော်မြတ်အပိုဒ်ထဲက တခုဖြစ်ပါတယ်။
ခရစ်တော်၏ နာမတော်မြတ်၌ ကမ္ဘာသားအားလုံးဘေးကင်းကြပါ။